Saturday, July 5, 2014

ဟာသအိမ်ကလေး.... Episode 6

 
နေမင်းထိုက် … နေမင်းထိုက် …
 
မင်းမြတ် ခေါ်လိုက်တော့ နေမင်း လှည့်မကြည့် ။ စိတ်ဆိုးချင်ယောင်တွေ ဆောင်ပြီး ခပ်ချေချေပဲ ဆက်လျှောက်နေလိုက်သည် ။ မင်းမြတ်ကတော့ အနောက်ကနေ တစ်ချိန်လုံး ခေါ်နေရှာသည် ။
 
ညီ … သည်မှာ … ညီ့ကို ပေးမလို့ ...
 
အမေ့ …
 
အချေလွန်သွားပြီး နေမင်း ချော်လဲကျသွားသည် ။ အရှေ့က အအေးဘူးကို မမြင်ဘဲ ခလုတ်တိုက်ကာ ချော်လဲခြင်း ဖြစ်သည် ။ ဘယ်လိုဟာဒွေကများ စည်းမရှိ ကမ်းမရှိ လာပစ်ထားကြသည်မသိ ။ နေမင်းထိုက် စိတ်ဆိုးဆိုးနှင့် ကျိန်ဆဲပစ်လိုက်သည် ။
 
ဖော်လော်တွေ … ကိုယ့်ဟာကို ကိုယ် သေချာပစ်ရကောင်းမှန်း မသိကြဘူး … လင်မရဘဲ တစ်သက်လုံး ဟာဆလာမတွေ ဖြစ်ပါစေ … ဟွန်း … အ …
 
ပြောရင်းနှင့် နေမင်းထိုက် အလန့်တကြား အော်လိုက်မိသည် ။ ကိုမင်းမြတ်က နေမင်းကို ခါးမှ ဆွဲကာမလိုက်သောကြောင့်ဖြစ်သည် ။ နေမင်းထိုက် ရှက်သွားမိသည် ။ လှည့်ကြည့်လိုက်တော့ ကိုမင်းမြတ်က နေမင်းထိုက်ကို အချစ်ရည် ရွှန်းလဲ့သော မျက်လုံးများနှင့် ကြည့်နေလေသည် ။
 
****************************************
 
အား … နာတယ် … အား … နာတယ် … ဆရာရယ် … ဖြည်းဖြည်းလုပ်ပါနော် …
 
ဆရာရယ် … ဒါ ကျွန်တော့်ဘ၀မှာ သည်လိုဖြစ်ဖူးတာ ပထမဆုံးပါ … နာတာ လုံးဝ မခံနိုင်ပါဘူး ဆရာရယ် …
 
အား … ဆရာ … နည်းနည်းလေး ဟိုဘက်ကို တည့်ပေးပါ … သည်လိုကြီး လုပ်လိုက်တော့ ကျပ်နေတယ် … ဆရာ …
 
နေမင်းထိုက်၏ အော်သံက ဆေးခန်းတစ်ခုလုံး လွင့်ပျံနေသည် ။ မသိလျှင် သူ့ကို ဆေးစည်းပေးနေသော ဆရာဝန်ကပင် သူ့ကို မဒိန်းကျင့်နေသလိုလို ဘာလိုလို ဖြစ်နေလေသည် ။ နေမင်းထိုက် အော်သံကြောင့် ဆရာဝန်ပင် စိတ်ညစ်နေပုံပေါက်သည် ။
 
ကျွန်တော် ဆရာဝန်သက် တစ်လျှောက်မှာ သည်လောက် အော်တဲ့ လူနာ တစ်ခါပဲ တွေ့ဖူးသေးတယ် … ဖြည်းဖြည်းအော်ပါဗျာ … ခင်ဗျားလုပ်တာနဲ့ တခြား လာမယ့် လူနာတွေပါ ထွက်ပြေးကုန်ပါဦးမယ် …
 
ဆရာက အရမ်းကြီး လုပ်တာကိုး … အဟင့် …
 
ကလေးတစ်ယောက်လို အော်ဟစ်နေသော နေမင်းထိုက်ကို ကြည့်ပြီး မင်းမြတ် ပြုံးသာ ပြုံးမိလိုက်သည် ။ ဆေးခန်းက ပြန်လျှင်တော့ သည် ကလေးဆိုးကောင်လေးကို ချစ်စကားပြောရင်း လက်စွပ်လေး ပေးဖို့ မင်းမြတ် စိတ်ကူးထားသည် ။
 
လောလောဆယ်တော့ နေမင်းထိုက် အသံကို နားမခံနိုင်သောကြောင့် မင်းမြတ် နားကိုသာ ပိတ်ထားမိလေသည် ။
 
**************************************************************
 
သီ မမြင်ချင်ယောင် ဆောင်ထားကာမှ ထိုကောင်လေးက သီ့ကို တွေ့ကာ တည့်တည့်ကြီး လာခေါ်တော့သည် ။ ဘေးနားတွင် သူ့ကောင်မလေးတော့ မပါ ။ သီတစ်ယောက်တည်း အိမ်သာသွားချိန်တွင် သူက အနောက်မှ ပါလာပြီး သီ့ကို လာခေါ်ခြင်းဖြစ်သည် ။
 
ဟာ … မင်းက ဟိုနေ့က ဘောလုံးပွဲမှာ တွေ့တဲ့ တစ်ယောက် မဟုတ်လား …
 
အော် … အင်း … မင်းက မင်း ကောင်မလေးနဲ့လာကြည့်တဲ့ တစ်ယောက်လေ … ဟုတ်တယ် မဟုတ်လား …
 
အေး … ဟုတ်တယ် … သည်နေ့တောင် ဖိုင်နယ်ပွဲရှိတယ် … မင်း သွားကြည့်ဦးမှာလား …
 
ဟင့်အင်း … ငါမှ ဘောလုံးပွဲမကြိုက်တာ …
 
ဟင် … ဒါဆို ဘာလို့ လာကြည့်တာလဲ … အဲ့နေ့က …
 
သူငယ်ထောင်ချင်လို့ဟေ့ ဟု အော်ကာ ပြောလိုက်ချင်သော်လည်း စိတ်ကို ထိန်းကာ ကိုယ့်ကိုယ်ကို ယောက်ျား ယောက်ျား ယောက်ျားဟု အထပ်ထပ် ဇွတ်တင်းကာ သတိပေးနေရသည် ။ ဒါတောင် တစ်ချက်တစ်ချက် ယောက်ျားဟု ပြောရင်း … ယူမယ် ဟု ဆက်ပြောမိလိုက်သေးသည် ။ ဒါပေမယ့် သိတယ် မဟုတ်လား ။ သီပဲလေ ။
 
သြော် … ငါ မကြိုက်ဘူးဆိုတာ မြန်မာပွဲတွေကို မကြိုက်တာပါ … ငါက အာကြီးတို့ မန်ယူတို့ ပွဲတွေပဲ ကြည့်တာလေ … အဲ့နေ့က ပျင်းလို့ မြန်မာပွဲကို လာကြည့်တာ … ဟဲဟဲ …
 
သားကြီး … ဒါနဲ့ မင်း ဘိလိယက်ကော ထိုးလား …
 
သီ သက်သက်ကြီးပါ ဟယ် ဟုပင် အော်ပစ်လိုက်ချင်သည် ။ သီ့ကိုများ သားကြီးတဲ့ ။ အေးပေါ့လေ ။ သီကိုယ်တိုင်ကလည်း အိမ်က အတင်းညှပ်ခိုင်းလို့ ယောက်ျားကေကြီး ညှပ်ထားရတာ ဆိုတော့ကာ ။ ကျွန်မမှာ စစ်သားကေနဲ့ အခြောက်လုပ်နေရတဲ့ ဘ၀ပါဟုပင် သီ ညည်းပစ်လိုက်ချင်သည် ။
 
ညနေ … ငါတို့ ဘိလိယက် သွားထိုးမလို့ … မင်းလိုက်ခဲ့ပါလား …
 
အင်း ။ ဘိလိယက်ခုံကို သီ တစ်ယောက်ထဲတော့ မသွားရဲ ။ ဟိုကောင်မတွေကိုပါ အဖေါ်ခေါ်မှ ဖြစ်မည် ။
 
ငါ ဟိုကောင်ကြီးတွေနဲ့ တိုင်ပင်လိုက်ပါဦးမယ်ကွာ … အဆင်ပြေရင် လိုက်ခဲ့မယ်လေ …
 
အေး … လိုက်ဖြစ်အောင် လိုက်ခဲ့စမ်းပါကွာ … ငါ့လက်ရည် ဘယ်လောက်ရှိလဲဆိုတာ မင်းကို ပြချင်လို့ပါ …
 
ပြောလည်းပြော ဘောင်းဘီကို ဇစ်ချွတ်ပြီး ရှူရှူးပေါက်နေလေသည် ။ သီတော့ မကြည့်ရဲပါဘူး ။ မျက်နှာကို လက်ဝါးနဲ့ အုပ်ထားလိုက်တယ် ။ ပြီးမှ လက်ချောင်းလေးတွေ ကြားက ချောင်းကြည့်လိုက်တာပေါ့ ။ ခိခိ ။ သာယာလိုက်တာ ဆိုတာ ။
 
*******************************************************
 
ညီ … သည်မှာ ညီ့အတွက် အစ်ကို မုန့်ဝယ်လာတယ် …
 
အမှန်တော့ မင်းမြတ် ပေါင်မုန့်ထဲတွင် လက်စွပ်ထည့်ထားပြီး ရိုမန်တစ် ဆန်ဆန်လေး ပေးလိုက်ခြင်း ဖြစ်သည် ။ ခုနက အော်ငိုထားသော အရှိန်နှင့် ဗိုက်ဆာနေသော နေမင်းထိုက်ကတော့ ပေါင်မုန့်ကို အလောတကြီး တစ်လုံးလုံး ကုန်အောင် စားပစ်လိုက်သည် ။ မင်မြတ် ပြောသော စကားပင် မဆုံးလိုက် ။
 
အဲ့ထဲမှာ ဘာပါလဲဆိုတာ ညီ သိချင်ရင် ပေါင်မုန့်ကို နှစ်ခြမ်းခွဲကြည့်လိုက် …
 
ခွဲကြည့်စရာ မလိုတော့ဘူးလေ … ပဲယိုပါတာ … သိသားပဲ … စားလို့တောင် ကုန်ပြီ ဟာကို …
 
ဟင် … ဘယ်လို … ကုန်ပြီ … ဟုတ်လား … သေပြီဆရာ …
 
ဘာ … ဘာဖြစ်လို့လဲ … ဟင် …
 
အဲ့ထဲမှာ အစ်ကို လက်စွပ်ထည့်ထားတယ် … ညီ့ကို သည်နေ့ ချစ်ခွင့်ပန်မလို့ …
 
ဘယ်လို …
 
နေမင်းထိုက်အော်သံက အကျယ်ကြီး ထွက်လာသည် ။ မင်းမြတ်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဘာလုပ်ရမှန်းမသိ ဖြစ်သွားမိသည် ။
 
လာ … ညီ … ခုနက ဆေးခန်းကို ပြန်ပြေးကြမယ် …
 
ဆရာဝန်က မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေပြီဖြစ်သည် ။ ခုနက လာသော နှစ်ကောင် ။ အခုလည်း ထပ်လာကြပြန်ပြီ ။ သည်တစ်ခါတော့ သူတို့ အော်သံကြောင့် ဆေးခန်းတစ်ခုလုံး ပြိုတော့မည်လား မသိ ။ ဆရာဝန် လုပ်သူက အတင်းပြန်နှင်ထုတ်သည် ။
 
ကျွန်တော် ဆေးခန်းပိတ်ပြီ … ဆေးခန်းပိတ်ပြီဗျ …
 
ဟင့်အင်း … မရဘူး ဆရာ … အခုဟာက အရေးပေါ်အခြေအနေပါ … အရေးပေါ် … ဆရာ …
 
ဟင် … ဘာဖြစ်လာပြန်လို့လဲဟင် …
 
ဆရာ … သူ လက်စွပ်မျိုချလိုက်တယ်ဆရာ … အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆရာ …
 
အရေးထဲတွင် နေမင်းထိုက်က အော်ကြီးဟစ်ကျယ် အော်လိုက်သေးသည် ။
 
အမလေး … ဆရာဝန်က အနော့်ဗိုက်ကို ခွဲပြီး လက်စွပ် ထုတ်ယူတော့မယ်ထင်တယ် … သေပါပြီဗျာ …
 
ဟာ … နေပါဦးဗျာ … ကျွန်တော် ဘာမှ မလုပ်ရသေးပါဘူး … မသိရင် ကျွန်တော်ကပဲ လက်စွပ်ကို ဓါးမြ တိုက်နေသလိုနဲ့ …
 
ဆရာ … တကယ်လို့ မရရင် သူ့ဖင်ထဲကို ညှပ်ရှည်ရှည်ထည့်ပြီး ဆွဲထုတ်ပစ်လိုက်ရင်ကောဟင် …
 
ကိုမင်းမြတ် ပြောသော စကားကြောင့် နေမင်းထိုက် စအိုပင် တွန့်သွားရသည် ။ ဘုရားဘုရား ။ ဖင်ထဲထည့်မည့် ညှပ်က မတော်လို့ အကြီးကြီး ဖြစ်နေမှဖြင့် ။ ကြက်သီးပင် ထမိသွားရသည် ။
 
ကဲ … နေစမ်းပါဦး … ခင်ဗျားတို့ ပြောတဲ့အတိုင်း ကုရမှာလား … ကျွန်တော့်ဘာသာ ကုရမှာလားဟင် …
 
ဟဲဟဲ … ဆရာကလည်း … စိတ်ကြီးပဲ … အဲ့ဒါကြောင့် ဆရာတို့တွေ ဂျာနယ်ထဲ ခဏခဏ ရောက်တာ … ဟိဟိ …
 
ဟေ့လူတွေ … အဲ့အကြောင်းတွေ မပါကြေးနော် … ဂျာနယ်က ဟာတွေ ရူးနေလို့ လျှောက်ရေးနေကြတာ … ရော့ရော့ … သည်မှာ ဆေးပေးလိုက်မယ် … အဲ့ဒါသာသောက် … ကျသွားလိမ့်မယ် …
 
ဘာဆေးလဲဟင် … ဆရာ … ကျွန်တော်က ပင်နီဆလင်နဲ့ မတည့်ဘူးဆရာ …
 
မတည့်စရာ ဘာအကြောင်းမှ မရှိဘူး … အဲ့ဒါ ၀မ်းနှုတ်ဆေး … သူ့ဘာသာသူ ဖင်ထဲက ပြန်ထွက်လာလိမ့်မယ် …
 
နေမင်းထိုက် မျက်နှာငယ်လေးနှင့် ၀မ်းနှုတ်ဆေးကို ကြည့်နေမိလိုက်သည် ။ တော်သေးပါရဲ့ ။ ဖင်ထဲကို နှိုက်ပြီး မထုတ်လို့ ။ ဖင်နှိုက်ပြီး မစမ်းသော ဆရာဝန်ကိုလည်း တိတ်တိတ်လေး ကျေးဇူးတင်မိရပြန်ပါသည် ။
 
**********************************************
 
ဟဲ့ကောင်မတွေ … ဘိုလိုသဘောရလဲဟင် …
 
ဟဲ့ … နင်ကြိုက်တာပဲ မဟုတ်လား … ဒူးသာဒူးပေါ့ … ငါတို့ပါ လိုက်ခဲ့မှာပေါ့ …
 
မိသန့်က သူ့မျက်နှာ အဆီတ၀င်းဝင်းကြီးကို အဆီစုပ် စက်ကူတွေနှင့် သုတ်ရင်း မြှောက်ပေးနေသည် ။ သူ့မှာလည်း သုတ်သာ သုတ်နေရသည် ။ သူ့မျက်နှာက ဘယ်အချိန်ကြည့်ကြည့် အဆီတ၀င်းဝင်း ဖြစ်နေသည် ။
 
နင်ဟာလေ … လူကသာ ခြောက်တာ … မျက်နှာကတော့ အချိန်ပြည့်ကို အဆီတစိုစိုနဲ့ …
 
ဟဲ့ … ကျေနပ်တယ် … နင့်လိုမျိုး မျက်နှာပါ မကျန် နေရာမလပ် ခြောက်နေတာ မဟုတ်ရင် ပြီးတာပဲ …
 
အရေးထဲ မိသန့်နှင့် မိမြတ်တို့နှစ်ယောက်က ရန်ဖြစ်နေကြသေးသည် ။ သီကပင် ကြားထဲက ၀င်ပြီး ဖျန်ဖြေပေးလိုက်ရသည် ။ ဒါတောင် ကမ နှစ်ကောင်က ကိုက်ချင်နေကြတုန်း ။
 
ဟဲ့ … သီ … ဒါနဲ့ … သူ့နာမည်က ဘယ်သူတဲ့လဲ …
 
ပြည့်ဦးတဲ့ … နာမည်လေးကလည်း မိုက်တယ်နော် … လူတင်မကဘူး … နာမည်ကော ဟိုဟာကော ငါက ဖွာတာ …
 
ဟဲ့ … ဟိုဟာ ဆိုတာ … ဘာလဲ … ပြောပြပါဦးဟဲ့ … ငါတို့ကိုလည်း မျှဝေသုံးစွဲခိုင်းပါဦး …
 
ဟဲ့ … စဉ်းစားလေ … နင်တို့တွေဆိုတာလည်းနော် … လင်ကြီးငုတ်တုတ်နဲ့ ဖင်ကြီးတဘုတ်ဘုတ်ဖြစ်အောင် ခံချင်ကြသေးတယ် …
 
ဟယ် … ၀ုန်းချက် … ကမ … မိသီ … ဒါနဲ့ နင် သွားလို့ ဖြစ်ပါ့မလား …
 
ဟဲ့ … နင်တို့ပါတာပဲ … ဘာဖြစ်လို့လဲ …
 
နင့်အင်္ကျီက အစိမ်းရောင်လေ … တော်ကြာ နင့်ကို ဘိလိယက်ခုံနဲ့ မှားပြီး ကျူတံနဲ့ ၀ိုင်းထိုးနေကြဦးမယ် …
 
ဟဲ့ … ကျူတံလောက်တော့ ငါက မဖြုံတာ … ငါလာရင် ကျူတံ ဆိုဒ်ကြီး ၀ယ်ထားလိုက်လို့ ပြောလိုက်စမ်းပါအေ …
 
ပြောပြီး တစ်ယောက်ကို တစ်ယောက် ခွီကာ ရယ်ကြ မောကြ ပျော်ရွှင်ကြနှင့် သီတို့ တက်ကသိုလ် ကျောင်းသား ဘ၀လေးသည် ပျော်စရာ အတိ ဖြစ်နေလေသည် ။ ( အဲ … မှားလို့ … တက်ကသိုလ် ကျောင်းသူ ဘ၀ဟု ပြောင်းလဲ ဖတ်ရှု ကြပါကုန် … ဟိဟိ )
 
****************************************************
 
ကဲ … မြတ်သီဟ … မင်း တစ်ချက်လောက် ရွှတ်လိုက်လေ … ရော့ …
 
ပြည့်ဦးက သီ့ကို ကျူတံလာပေးသည် ။ သီ ဘယ်လိုထိုးရမည်ပင် မသိ ။ ထို့ကြောင့် ကျူတံကို အထပ်ထပ် အခါခါသာ ပွတ်ဆွဲနေမိလေသည် ။ ဒါကို မိမြတ်က သီ့ဘေးနားကပ်ကာ လာသတိပေးလိုက်သေးသည် ။
 
ကမ … အဲ့ဒါ နင့်လင် လော်ကီး မဟုတ်ဘူးနော် … ထိုးစရာ ရှိတာထိုး … ငါ ဘေးက ကြည့်ရတာ နင် ကျူတံကိုင်နေတာကို ကြက်သီးတွေ ထလာပြီ …
 
အေးပါ သားကြီးရာ … ငါက ဘယ်အလုံးကို ရွှတ်ရင် ကောင်းမလဲ စဉ်းစားနေတာ …
 
ပြောပြောဆိုဆိုနှင့် ထိုးမိထိုးရာ ထိုးပစ်လိုက်သည် ။ ကြက်ကန်း ဆန်အိုး တိုးပြီး ၀င်ဖြစ်အောင် ၀င်သွားသေးသည် ။ ပြည့်ဦးက လက်ခုပ်တီးသည် ။
 
ဟာ … သားကြီး … မင်းက တော်လိုက်တာကွာ …
 
ပြောရင်း ဆိုရင်း ပြည့်ဦးက သီ့ ပုခုံးကို ဖက်လိုက်သည် ။ သီ ရင်တွေ တလှပ်လှပ် ခုန်သွားလေသည် ။ ရင်ဘက်ထဲတွင် ငါးပြင်မ တစ်ကောင် စပ်စလူးထကာ တဖျက်ဖျက် ခုန်နေသလိုမျိုး ရင်ခုန်သံတွေ စည်းချက်မညီ ဖြစ်ကုန်တော့သည် ။
 
ကောင်မ … ဟိုက နင့်ကို ရိုးရိုးသားသား ဖက်တာနော် … သာယာကုန်းတွေ ရောက်မနေနဲ့ …
 
မိသန့်က သီ့အတွက် စဉ်းစားပြီး သတိပေးရှာပါသည် ။ သို့သော် သီမရတော့ ။ ပြည့်ဦးကို သီ ချစ်နေမိပြီ ထင်သည် ။ ပြည့်ဦးကိုမှ မရလျှင် သီ ကိုယ့်ကိုယ်ကို လှအောင် မိတ်ကပ်တွေ ပြင်ပြီး သတ်သေပစ်လိုက်မည်ဟုပင် စဉ်းစားမိရသည် ။
 
ဟုတ်တယ်လေ … ။ ရုပ်ပျက်ဆင်းပျက်ကြီးတော့ မသေချင်ပေါင် ။ သူ့မှ မရလျှင်တော့ လောကကြီးတွင်ပင် မနေချင်တော့ပါဘူးဟု သီ တွေးလိုက်မိသည် ။
 
ပြည့်ဦးက သီ့ပုခုံးကို ခဏခဏ လာလာ ဖက်လေသည် ။ ထိုသို့ တစ်ခါတစ်ခါ ဖက်တိုင်းလည်း သီ့ရင်တွေ တစ်ခါတစ်ခါ လှုပ်ရှားသွားရသည် ။
 
အမှန်အတိုင်း ၀န်ခံရလျှင် ထိုနေ့က သီတစ်ယောက် ပီတိတွေ ဖြာပြီး အီအီးတွေ ပါခဲ့ရလေသည် ။

By Dr. Min Khant

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...