Sunday, July 27, 2014

ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (၁)

သူ့ခြေလှမ်းများမြေကြီး ကိုစတင်ထိတွေ့ချိန်မှာတော့ အမည်မဖော်တတ်သော ခံစားရသည့် အစိုင်အခဲများ ၀င်ကာလာသည်။ မရောက်တာကြာပြီးဖြစ်တဲ့ ငယ်ရပ်ဇာတိကို သူ လူမှန်သိတတ်စ လူလို့မိမိကိုယ်ကို သတ်မှတ်ပြီးပြီ မှပထမဦးဆုံးသော ပြန်လာခြင်းဖြစ်ပါသည်။
နေရာဒေသ ငယ်ဇာတိမြို့ကလေးကတော့ ဘာမှမပြောင်းလဲပါ။ ပြောင်းလဲသွားတာက သူနှင့်သူ၏ ဆိုးဖေါ်ဆိုးဖက် ငယ်သူငယ်ချင်းများပင် ဖြစ်တော့သည်။
မြို့ကလေးကတော့ သူကိုနွေးထွေးစွာ လက်ယက်ကြိုဆိုနေသည်။ မြို့ကလေးသည် သူကိုလွမ်းကြောင်း သတိရကြောင်းများ ပြောနေသည်။ သူကသာလျှင် မြို့ကလေးကို တမင်တကာမေ့ထားသည်ကိုတော့ သူသာလျှင်သိပေမည်။
ကြိုတင်တွက်ဆလို့မရသော် မထင်မှတ်ထားသည့် အကြောင်းရာများသည် သူ၏စိတ်များကို အများကြီးပြောင်းလဲစေခဲ့သည်။ သူတစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါ၊ သူနှင့်အတူ သူ့၏အပေါင်းဖေါ်များ သည်လည်း ပြောင်းလဲစေခဲ့ပြီး။
“ကိုလေး လာပြီး…ကိုလေး…ဒေါ်ကြီးမယ် ဒီမှာ ဒီမှာ“
ငယ်ငယ်ကတည်းက ရို့ကျို့စွာနေလာခဲ့သော် ဒေါ်ကြီးမေ ကတော့ ဘယ်လိုပဲသင်သင် မပြောင်းလဲ ခေါ်ခဲ့သော သူအား ယခုချိန်ထိလည်း ကိုလေးပင် ခေါ်နေတုံးပင် ဖြစ်သည်။ သူဒေါ်ကြီးမယ် အနားသို့ ပြုံးပြလျှက်သွားလိုက်သည်။
“ဒေါ်ကြီးမယ် နေကောင်းတယ်နော်“
“ကောင်းပါ့တော်ကောင်းပါ့ ဒေါ်ကြီးတို့ကသာ သတိရလွမ်းနေတာပါတော်၊ ဒေါ်ကြီးတို့ကိုတော့ ဖုတ်လေသည့် ငပိရှိလေတယ်လို့တောင် မထားတော့ အဟင့်…
“အို…မဟုတ်တာ ဒေါ်ကြီးရာ လမ်းလယ်ကြီးမှာ လူတွေနဲ့ မရှက်ဘူးလာ ကလေးလေးကျနေတာပဲ ငိုနေတာ၊ ကျနော်လဲ လွမ်းတာပေါ့ဗျာ”
“လွမ်းတယ် ဟုတ်လား လွမ်းရင်တော့ ပြန်လာသင့်တာပေါ့ အနည်းဆုံး တစ်နှစ်တစ်ခေါက်လောက်၊ ခုတော့ဖြင့် ဆရာဝန်ကြီး ဖြစ်မှပြန်လာခဲ့တယ်ပေါ့လေ“
“အော်ဒေါ်ကြီးရယ်“
သူဒေါ်ကြီးမယ်ကို ဖက်ကာနှစ်သိမ့်ကာ သူဖြေသိမ့်စေသည်။ ဒေါ်ကြီးမယ်ပြောလဲပြောချင်စရာ သူနှင့်အပေါင်းပါ တွေအားလုံး ဒီမြို့မှခွာခဲ့ကြသည်။ တစ်နေရာ တစ်ဒေသဆီတွင် ကျင်လည်နေကြပြီး ဖြစ်သည်။ ထိုအကြောင်းရာများကို ဒေါ်ကြီးမယ် မသိမဟုတ် အားလုံးသိခဲ့သည်ဖြစ်ပါသည်။
လမ်းတလျှောက်ဒေါ်ကြီးကတော့ သူ့အားမည်သို့လွမ်းသည်၊ လွမ်းကြောင်းများကို စကားဖွဲ့ကာ ပြောပြသည်။ အဖေနှင့်အမေ သည်လည်း သူ့အားလွမ်းနေသည်အကြောင်းများကတော့ ထက်ကာနေသည်။ အမေနှင့်အဖေသည်သူအားလွမ်းနေမည်ဆိုသည်ကို အတတ်သိပါသည်။ ကျောင်းတက်နေစဉ် တလျောက်လုံးတွင် အကြောင်းအမျိုးမျိုးပြကာ သူ့ဆီသို့တပတ်တစ်ခါ ရောက်အောင်လာတတ်ကြသည်။
ခုတော့ အဖေကျမ္မားရေးကြောင့် သူပြန်လည်ရောက်ရှိခဲ့သော ဒီမြို့လေးကို မပြစ်မကင်းသူ သူ့အတွက်တော့ မွေးရပ်ဇာတိလေသည် နွေးထွေးစွာ ကြိုဆိုသော်ငြာလည်း အရာအားလုံးဟာ တိတ်ဆိတ်နေသလို ခံစားရသည်။
အိမ်၏ ခြံထဲသို့ ၀င်လိုက်တော့ အရင် ၁၀ နှစ်ကလို သာယာပျော်ဖွယ်မကောင်းပဲ တိတ်ဆိတ်ကာ နေသည့်ခြံဝန်းကြီးက သူအားခြောက်သွေ့စွာ ပြုံးပြနေသည်။
သူအိမ်ထဲကို တစ်ယောက်တည်းဝင်လိုက်သည်။ ဒေါ်ကြီးနှင့် အိမ်က အကူလေးများက သူ့အိတ်များကို ယူကာ သူ့၏အခန်းထဲသို့ ယူဆောင်သွားကြသည်။ သူခြေလှမ်းများက အဖေနှင့်အမေ အခန်းသို့ ၀င်လိုက်သည်။
အဖေသည် ကုတင်ပေါ်တွင် မှိန်းနေပြီး အမေက ဘုရားစာအုပ်လေးဖွင့်ကာ အဖေကိုအသံထွက်စာ ဖတ်ပြနေသည်။ သူတိတ်တဆိတ် ၀င်လိုက်ပြီး အမေကိုဖက်ကာနမ်းလိုက်သည်။ အမေကတော့ စာဖတ်မပျက်ပဲ သူ့အားဖက်လျှက်ဆီကြိုသည်။ သားတစ်ယောက်၏ သူ့အမေလက်သည် အရင်လို သန်မားမနေတော့ အနည်းငယ် ပျော့ပြောင်းနေသည်။
အမေ၏လက်များသည် အိုမင်သွားသည့်လက်ချောင်းကလေးများက အရင်လိုမလှပတော့၊ အနည်းငယ် ခြောက်သွေ့နေသော အမေလက်များသည် အရင်လို သွေးရောင်သန်မနေတော့ပါ။ အဖေနှင့်အမေကို သူထိုင်ကာ ကန်တော့လိုက်ပြီး မနှောက်ယှက်ပဲ အသာအယာ အခန်းအပြင်သို့ထွက်လာလိုက်သည်။
ခြေလှမ်းများက အိမ်၏ ဧည့်ခန်းသို့ဖြတ်ပြီး မိမိအခန်းသို့အကူတွင် ဧည့်ခန်းတွင်ချိတ်ထားသော မိသားစု ဓါတ်ပုံကလေးသည် သူ့အားပြုံးကာ ကြည့်နေသည်။ သူထိုဓါတ်ပုံကလေး အနားသို့တိုးကာ သွားကြည့်ပြီး တယုတယ လက်ဖြင့်ပွတ်သပ်ကာ ကြည့်နေမိသည်။
ဓါတ်ပုံထဲမှ ကောင်လေးနှစ်ယောက်ကတော့ သူအားပြုံးပြလျှက် ကြည့်နေသည်။ သူမျက်ဝန်းမှ မျက်ရည်ဥများ သီးကာ ဝေ့၀ယ်လည်လာပါတော့သည်။
“ကိုလေးက ညီလိုမျိုးအသားလဲ မဖြူဘူးနော် တကယ်ဆိုကိုလေးက မှမွေးစားသားဖြစ်ရမှာ သားကအမေတူလေ ဒါကြောင့်အသားဖြူတာ”
ထိုသို့သော စကားအရာမှာအနိုင်ယူတတ်သော ညီငယ်လေးကို ပြန်ပြောင်းကာ သတိရမိသည်။
“ညီငယ်ရယ် ဒီအချိန်မှာ မင်းရှိနေရင်လေ ကိုလေးမေးချင်ပါတယ်၊ ကိုလေးကို အရင်လိုပဲချစ်တုံးလား လို့”
“သားလာခဲ့ ဒီမှာ သားအတွက် ညီလေးတစ်ယောက်ခေါ်လာတယ် ဖေဖေ တို့ မေမေတို့ နဲ့အတူတူနေမှာ”
သူကသားအတွက်အရုပ်လေးလာ ဒါဆိုသားသူနဲ့ဆော့လို့ရတယ်ပေါ့”
သူပြောလိုက်တော့ ကောင်လေးသည် အဖေကိုတွယ်ထားသော လက်ကိုကိုင်ပြီး သူ့အားချောင်းကြည့်သည်။ သူ ၆ နှစ်သားတွင် ဖေဖေသည် ကောင်းလေးတစ်ယောက်ကို လက်တွဲလျှက် အိမ်ပေါ်ခေါ်လာသည်။ ကောင်လေးသည် ရောက်ကာစနေ့ကတော့ ညစ်ပတ်ပေတေနေသော အကျီင်္လေးကို ၀တ်လျှက် သူ့အားမ၀င့်မရဲ ကြည့်ရှာပါသည်။
အစပထမတွင်တော့ သူပျော်ရွှင်ခဲ့ရပါသည်။ မိမိနှင့်သက်တူရွယ်တူ ဆော့ဖော်ဆော့ဖက် ရောက်လာသည့်အတွက်ပျော်ရွှင်ခဲ့ပါသည်။
“သူနာမည်က ညီညီငယ်တဲ့ သားရဲ့ညီလေးပဲ သား..ဒါသားကိုကိုပဲ သူကတော့ ကိုကိုလေးတဲ့ မှတ်ထားနော်”
“ဟုတ်”
အိမ်တွင် ဖေဖေ၊မေမေ နှင့် ဖေဖေညီမငယ် ဒေါ်လေးတို့နှင့်သူနေသော မိသားစုထဲသို့ လက်သေးသေးလေ ကောင်ငယ်လေးတစ်ယောက်ရောက်လာတော့ အိမ်တစ်ခုလုံး ဆူညံပွတ်လော ရိုက်ကာပျော်ရွှင်ခဲ့ရသည်။ ဒေါ်လေးက အဆိုးဆုံးပင်ဖြစ်သည်။ ထိုကောင်လေးသည် မိန်မချော ချောကာ ကြည့်လှပါသည်။ မျက်လုံးလေးများက ၀ိုင်းကကော့နေပါသည်။ မိန်းခလေး ချစ်သောဒေါ်လေးသည် သူ့အားမိန်ခလေး လိုပြင်စင်ပေးတိုင်း ညင်းလွှတ်သော သူ့ကိုပစ်ထားကာ ညီညီငယ်အပေါ်ပုံကျသွားတော့သည်။
ဒေါ်လေး၏လက်ရာများသည် ညီညီငယ်အပေါ်သို့ရောက်နေပါတော့သည်။ ထိုကြောင့် သူသည် တဖြေးဖြေး ညီညီငယ်အပေါ် မနာလိုဝန်တိုစိတ်များ ကြီးထွားလာတော့သည်။ အဆိုးဆုံးက မေမေသည် သူ့အားအရင်လို တစ်ယောက်တည်း ပေါင်ပေါ်တင်မအိပ်ခိုင်းတော့ပဲ ညီညီငယ်နှင့် မေမေပေါင်ပေါ် မျှကာပေးရတော့ သူပိုလို့တောင် ကြည့်မရဖြစ်လာတော့သည်။
ထိုကြောင့်လည်းပဲ ညီညီငယ်အပေါ်ကြည့်မရသည့် စိတ်ကကြီးဆိုးလာတော့သည်။ ညီညီငယ်နှင့် သူအသက်တူတော့ ကျောင်းကို အတူတူတက်ခဲ့ရပါသည်။ ကျောင်းတွင် ညီညီငယ်သည်လည်း သူနည်းအတိုင်း စာကိုလိုက်နိုင်သည်။ စာကြိုးစားမှု့သည် သူထက်ပင်ပိုပါသည်။
သူနှင့်ညီညီငယ် စာတွင်ပြိုင်ဖေါ်ပြိုင်ဖက် အလိုလိုဖြစ်လို့လာတော့သည်။
ထိုအကြောင်းအရာအစတွေက သူညီညီငယ်ကို မုန်းနေသော အစများဖြစ်လို့လာပါတော့သည်။
ညီညီငယ်က အိမ်တွင်ဆော့သည့် ဒေါ်လေးအလိုကြိုက်ကာ မိန်းကလေး လိုဂါဝန်များ အလှများ ပြင်ကာ ဒေါ်လေးအကြိုက်နေခဲ့သော အမူယာတွေကြောင့် နည်းနည်းနွဲ့ချင်လာသည်။ သူသည်ထိုအပြုမှုများကို မကြိုက်ပါ၊ ထိုအပြုမူများထက် ညီငယ်ကိုမနာလိုဝန်တိုစိတ်တွေက ပိုများနေမည်၊ ထိုကြောင့်လဲ သူညီငယ်ကို အမြဲပြစ်တင်နေခဲ့ပါသည်။
ထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထထ
( အထက ပုသိမ်ကြီး မြို့နယ် )
“ကိုလေး ငါ့အတွက်ပါ မုန့်ဝယ်ခဲ့နော်”
“မင်းဟာမင်း သွားဝယ်ပါ့လာကွ”
“လူတွေအများကြီးနဲ့ ငါမတိုးချင်လို့ပါ”
“မတိုးချင်ရင် ငတ်ပေါ့ကွ”
မုန့်စားဆင်းချိန် ညီညီငယ် သူ့အားအကူညီတောင်းသည်ကို သူမကျေနပ်ပဲ လှည့်ထွက်ခဲ့သည်။ ညီညီငယ်ကတော့ မုန့်ဈေးတန်းတွင် လူတွေကိုမတိုးပဲ ရပ်ကြည့်နေပါသည်။
ညီညီငယ်သည် လွန်စွာမှ အသန့်ကြိုက်သူဘက်သို့ တစ်ဘက်စွန်းရောက်နေသည်ဟု သူထင်မိသည်။ ဒါတွေကလည်း ဒေါ်လေး လက်ချက်ပင်မဟုတ်လား။ သူကျောင်းဝတ်အကျီင်္များသည် ကျောင်းကပြန်လာတိုင်း ချွေးသံတရဲရဲ ဖြင့် အမြဲညစ်ပတ်နေသလောက် ညီညီငယ်ကတော့ သန့်ပြန့်နေပြီး ပြန်လာခဲ့သည်ကအမြဲပင် ဖြစ်သည်။ ဒါတွေကိုလည်း သူမကြိုက်ပါ၊ သူတို့အရွယ်တွေက ဆော့မည် ခုန်မည် ဘောကန်မည်။ သို့သော် ညီညီငယ်ကတော့ ကျောင်းခန်းထဲက အပြင်မထွက်၊ ဘာအားကစားမှလည်း မလုပ် စာအုပ်နှင့် မျက်နာသည် ဘယ်တော့မှမခွာပဲ ကျောင်းခန်းထဲတွင် အမြဲရှိခဲ့သူတစ်ယောက်ပင် ဖြစ်တော့သည်။
“မင်းတို့ညီအကိုတွေကလည်း မတူလိုက်တာကွာ မင်းကျတော့ မျောက်ရှုံးအောင်ဆော့တယ် ညီညီငယ်ကျတော့ အသေငြိမ်တယ် သံတလမ်းပြဿားတလမ်းပဲ”
သူငယ်ချင်းများကပင် မှတ်ချက်ပေးကာ ပြောဆိုခဲ့ကြသည်။
“သူကအခြောက် ငါကယောက်ျား”
ဟုအနိုင်ပိုင်းကာ ပြောဆိုခဲ့သည့် စကားများက ညီညီငယ်ကို အခြောက်ဟုနောက်ပြောင်ခေါ်သည့် အထိဖြစ်ခဲ့တော့သည်။
“ဟေ့ကောင်အခြောက်လေး ဘာလုပ်နေတာလဲ”
ညီညီငယ်ကို အခြောက်ဟုလာခေါ်သော သူအားကြည့်လိုက်တော့ ကိုကိုလေး ၏သူငယ်ချင်းဖြစ်သူ မောင်မောင်လတ် ဖြစ်နေသည်။ မောင်မောင်လတ်ကို ညီညီငယ်ဘုကြည့် ကြည့်လိုက်ပြီး ဘာမှမပြောတော့ပဲ မုန့်ဈေးတန်းမှ ထွက်ခဲ့တော့သည်။ ညီညီငယ် အားအခြောက်ဟုခေါ်သည်ကို ညီညီငယ် မကျေနပ်ပါ။
“ကိုလေး..မင်းသူငယ်ချင်းမောင်မောင်လတ်ကို ပြောအုံး ငါ့ကိုအခြောက် အခြောက်နဲ့လာခေါ်နေတာ ငါမကြိုက်ဘူး”
“မင်းမဟုတ်ရင် အနေသာကြီး နေလိုက်ပေါ့ကွ”
“မင်းကိုအမေနဲ့တိုင်မယ်”
အိမ်ရောက်တော့ မေမေ၏ ဆူပူမှု့ကိုသူခံခဲ့ရသည်။
“ညီလေးကိုအနိုင်ကျင့်တာကို အကိုလုပ်သူက ကြည့်နေတယ်တော့ ကောင်းကြသေးရဲ့လား”
သူကတော့ ညီညီငယ်ကို ပိုလို့တောင် ကြည့်မရဖြစ်လာတော့သည်။
ထိုကြောင့်လည်း အမှားများကို သူကိုယ်တိုင် မဟုတ်ခဲ့တောင် သူပါတ်သက်ခဲ့ဖူပါသည်။
ကျောင်းတွင် သူ့အတွက် အပေါင်းဖော် မရှိခဲ့ပါ၊ သူ့အားပေါင်းသင်းမည့် သူငယ်ချင်းကလည်း ရှားပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုကိုသည်သူ့အား အမြဲတမ်းနှောက်ယှက်နေခဲ့သည်။ အိမ်တွင် ဒေါ်လေးနှင့်သာ အဖော်လုပ်ခဲ့ပါသည်။ ဒေါ်လေးပြင်ပေးသော မိန်းကလေး အ၀တ်စာများကို သူနှစ်သက်ခဲ့သည်။ အလှပပြင်တာကို သူဝါသနာပါခဲ့သည်။ ထိုသို့နေရသည်ကို ပင်ကြိုက်နှစ်သက်ခဲ့သည့် သူကတော့ အိမ်တွင်ပြုလုပ်ပြီး ကျောင်းတွင်တော့ မည်သူနှင့်မှ အပေါင်းသင်မလုပ်ပဲ တစ်ကိုယ်တည် နေခဲ့သည့် သူအတွက် ပေါင်းသင်ဆက်ဆံရေးတွင် အားနည်းခဲ့တော့သည်။
ကျောင်းတွင် ကိုကို၏ ချောက်ချမှု့ကိုမေမေအား ပြန်ပြောရန်သူကြိုးစားခဲ့သော်လည်း မေမေက သူ့၏စကား ကိုနားမထောင်ခဲ့ပါ။
“အကြီးပြောတာကို ပြန်ပြောချင်နေတယ်ပေါ့လေ ဘယ်လိုသန္ဒေကမွေးလာတာလည်း ကိုမသိဘူး”
ထိုစကားသည် သူ့၏နုနယ်သော စိတ်ကိုဒါဏ်ယာ ရခဲ့စေသဖြင့် သူသည်မေမေအား ပြောမည့်စကားများ မထွက်လာခဲ့တော့၊ ၀မ်းနည်းစွာ ဒေါ်လေးရင်ခွင်ထဲ မှာလဲလှောင်းနေခဲ့ရသည့်ရက်တွေ များနေခဲ့ပါသည်။
ထိုအကြောင်းရာများ မစခင်က ကျောင်းတွင် သူပြဿနာတက်ကာ ကျောင်းရုံးခန်းသို့ရောက်သည့်နှစ်က စတင်ပြီး ဖြစ်ပျက်ခဲ့ပါသည်။ ပြဿာနာ အစကတော့ သူခုနှစ်တန်းနှစ်တွင် ဖြစ်ပါသည်။
ကိုကိုနှင့် သူ၏သူငယ်ချင်း မောင်မောင်လတ် တို့မှစတင်ခဲ့သော ပြဿနာပင်ဖြစ်တော့သည်။
“မင်းညီလေးကို မင်းပြောတော့ ခြောက်နေတာဆို ငါ့တို့အမြင်မှာတော့မခြောက်ပါဘူးကွ”
“မင်းကငါပြောတာကို မယုံဘူးလာ”
“မယုံဘူး”
“မယုံရင် မင်းစမ်းကြည့်ပေါ့”
ထိုနောက် သူတို့နှစ်ယောက် တိုင်ပင်ကာ ညီညီငယ်ကို စမ်းသပ်ခဲ့ကြသည်။ ညီညီငယ်သည် ကိုကို ကိုချစ်ပါသည်။ ညီအကိုဒီနှစ်ယောက်လေးပဲ ရှိသည့်အတွက် ပို၍လည်းတွယ်တာခဲ့သည်။ ထိုကြောင့် ကိုကိုသူငယ်ချင်း မောင်မောင်လတ်ကို ခင်မင်ခဲ့ပါသည်။ မောင်မောင်လတ် ၏အကြံစီးများကို မသိသည့် ညီညီငယ် ထိုနေ့က အမည်းစက် စိတ်ဒါဏ်ယာ ဖြစ်စေခဲ့တော့သည်။
“ညီငယ် မင်းမုန့်စားကျောင်းဆင်းရင် ကျောင်းနောက်ဘက်ကို ခဏလာခဲ့ပါလာ”
“ဘာလုပ်မလို့လဲ မောင်မောင်လတ် ဒီမှာပြောလဲရတာပဲ”
“မရလို့ပေါ့ ခဏလေးပဲ”
တိုးတိုးတိတ်တိတ် လာမှာသော မောင်မောင်လတ်ကြောင့် သူမုန့်စားကျောင်းဆင်းတော့ ကျောင်းနောက်ဘက်သို့ ထွက်လာခဲ့သည်။ ကျောင်းနောက်ဘက်တွင် မောင်မောင်လတ်စောင့်နေပါသည်။
သူမောင်မောင်လတ် ဆီရောက်တော့ မောင်မောင်လတ်က သူ့အားမပြောမဆိုဖြင့် ဖက်နမ်းခဲ့သည်။ သူရုန်းချိန်မရလိုက်၊ ရှင်းရှင်းပြောရလျှင် ထိုအချိန်က သူကိုယ်သူ လိင်တူ၊လွိင်ကွဲ မည်သည့်ဘက်ကို စိတ်ကိုအားသန်သည်ကိုပင် ခွဲခြားမဝေဖန်တတ်သေးပါ။ ထိုသို့နမ်းနေသည်ကို အစအဆုံးမမြင်ပဲ တစ်ပိုင်းတစသာ မြင်ခဲ့သည့် အတန်းပိုင်ဆရာ ကြောင့်သူတို့ရုံးခန်းရောက်ခဲ့သည်။
“မင်းတို့တွေလူတောင်မဖြစ်သေးဘူး ဒီစိတ်တွေကရှိနေပြီးလာ ကျောင်းသိက္ခာလည်းကျတယ် မင်းတို့မိဘတွေကို ခေါ်ရမယ်”
“မောင်မောင်လတ်လုပ်တာဆရာ”
“မဟုတ်ဘူးဆရာ ညီညီငယ်က ကျနော်ကို ခဏစကားပြောစရာရှိတယ်လို့ ပြောလို့ရောက်ခဲ့တာ သူ့အကိုလည်းသိတယ်”
မောင်မောင်လတ် ကြောက်ကန်ကန် ညင်းခဲ့သဖြင့် သူပင်အံ့သြသွားသည်။ ကိုကိုသိခဲ့သည်ဆို၍ ဖြစ်ပါသည်။ ကိုကိုသည် မောင်မောင်လတ်ဘက်က အပြည့်အ၀ထောက်ခံခဲ့သဖြင့် သူအားအထင်အမြင်လွဲ စော်ကားခံခဲ့ရပါသည်။ အဖေနှင့်အမေလည်း ကျောင်းရုံးခန်းသို့ရောက်ခဲ့ရသည်။ ထိုရက်မှစတင်၍ အမေသည် သူဘာပြောပြော အယုံကြည်မရှိတော့၊ စကားများကိုလည်း အလေးနက် နားထောင်မပေးတော့ချေ။ ထိုကျောင်းတွင်တော့ သူခေါင်းမဖေါ်နိုင်အောင်ဖြစ်ခဲ့ရသည်။ မောင်မောင်လတ် ကတော့ ကျောင်းပြောင်းသွားခဲ့သည်။ ကျောင်းပြောင်းရသည့် အကြောင်းရင်းက သူကြောင့်ဟုပင် ပြောဆိုနေကြတော့သည်။
ထိုနောက်ပိုင်းတွင် သူသည်စကားနည်းလာသည်။ ကျောင်းတွင်လည်း အပေါင်းသင်မထားတော့ တစ်ယောက်တည်းနေတတ်အောင် ပတ်ဝန်ကျင်က သူ့အား လမ်းပြပေးခဲ့သည်။ သူ့အားပေါင်းသင်းမည့် သူငယ်ချင်းပင် မရှိခဲ့တော့။
အိမ်တွင် သူ့အားချစ်ကြသည်ဟု သတ်မှတ်ထားသူများထဲတွင် ဒေါ်ကြီးမယ်လည်း အပါအ၀င်ဖြစ်ခဲ့သည်။ ဒေါ်ကြီးမယ်အား သူကျောင်းပိတ်ရက် အားလပ်ရက်များတွင် မီးဖိုချောင်တွင် ၀ိုင်ကူလုပ်ပေးရင် သူပျော်ရွှင်ခဲ့ပါသည်။
“အမေသားငယ်ကြောင့် သားကျောင်းမှာဂုဏ်ငယ်တယ် သူကိုညီလေးလို့လဲ မသတ်မှတ်နိုင်ဘူး ကောင်းမလေးလိုမျိုးလုပ်နေတာ အရမ်းရှက်ဘို့ကောင်းတာပဲ အခြောက်”
ကိုကိုလေး ပြောပါများလာတော့ အမေသည်လည်း ယုံကြည်လာသည်။ ကိုကိုလေး သည် ဖြစ်စဉ်ထက်ပိုပိုသာသာလေ များဖြင့် တိုင်တန်ခဲ့သည်။
“ဟင် ငါမွေးထားတာ ယောက်ျားလေးနော် မိန်မလိုလို ယောက်ျားလိုလို ဂန်တူးမလုပ်နဲ့”
“သားအိမ်မှာပဲ ဒီလိုနေတာပါ ကျောင်းမှာ ဘယ်သူနဲ့မှအဲလိုမနေဘူးအမေ”
“တော်စမ်း ခုကတည်းက ပြန်ပြောချင်နေပြီး”
အမေသည် ကိုကိုလေး ပြောခဲ့သည့်စကားများကို ယုံကြည်ကာ ညီညီငယ်ကို ဆူပူကြီမ်းမောင်းခဲ့သည်။ ဒေါ်လေးကိုလဲ ဆူသည်။
“စန်းဌေး အငယ်ကောင်လေးက ကလေးမဟုတ်တော့ဘူး ခုတောင်အလယ်တန်းတက်နေရပြီး အရင်လိုမျိုး မိန်းကလေး လိုမလုပ်ပေးနဲ့တော့ နင်လဲကြပ်ကြပ်သတိထား”
ထိုသို့သော် အပြုများ၊ ညီငယ်နှင့်ပါတ်သက်ပြီးတော့ အတို့အထောင်များကို ကိုကိုလေး နေ့တိုင်းနီးပါလုပ်ခဲ့တော့သည်။ ထိုကြောင့် ကိုကိုလေး နှင့်ညီညီငယ်သည် အနီးဆုံးမှာရှိနေပြီး ဝေးကွာစွာတည်ရှိနေပါတော့ပါသည်။
“သားတို့ကို ဒီ ၉တန်းနှစ်မှာပဲ အဖေတို့ အသိဖွင့်ထားတဲ့ ပညာရေးဘော်ဒါဆောင်မှာ သွားထားမယ် သားတို့နှစ်ယောက်လုံးသွားရမယ်”
“ဟုတ်ကဲ့ဖေဖေ”
“သားမသွားချင်ဘူး ဖေဖေ”
“သားငယ် မင်းကဘာလို့မသွားချင်တာလဲ”
“ဖေဖေ တို့မေမေတို့နဲ့မခွဲချင်ဘူး”
“အို….”
အမေကတော့ မိန်းမသားပီပီ ညီညီငယ်အား ဂရုဏာသက်စွာ ကြည့်နေသည်။ အဖေကတော့ ပြတ်သားစွာ ပြောခဲ့သည်။
“မင်းတို့ ကိုလူကြီးအရာသွင်းမလို့ မင်းတို့မိဝေးဖဝေးမှာဘယ်လို နေသင့်တယ် ဘယ်လို ထိုင်သင့်တယ် ဆိုတဲ့ သင်ခန်းစာတွေပါ ပေးတဲ့ ပညာရေးဘော်ဒါဆောင်က မင်းတို့အတွက်အကောင်းဆုံးပဲ၊ ခုလိုမျိုးပျော့ညံ့နေတဲ့ အပြုမျိုးတွေပျောက်အောင် လုပ်ရမှာပဲ၊ ဘာမှအဒွန့်တက်မနေနဲ့”
သူကတော့ ဘာမှဝင်မပြောခဲ့ပါ။ သူ၏သူငယ်ချင်းများလဲ ထိုဘော်ဒါဆောင်သို့သွားမည်ကို သူကြိုတင်သိထား သဖြင့် သူကတော့ဝမ်းသာသည်။ သို့သော် ညီညီငယ်ပါလာမည်ကိုတော့ သူသဘောမကျပါ။
“သူမတက်ချင်နေ သားတော့သွားတက်မှာပဲ”
“မရဘူး ညီအကိုနှစ်ယောက်လုံးသွားရမယ်”
အဖေ၏ တစ်ချက်လွှတ် အမိန့်ကြောင့် သူတို့နှစ်ယောက်လုံး ဘော်ဒါဆောင်ကို ရောက်ခဲ့ကြပါတော့သည်။
( မြန်မာရွာ ပညာရေးရိပ်မွန် )
ပညာရိပ်မွန်သို့ ညီညီငယ်ရောက်လာတော့ ရင်ထဲမှာဝမ်းနည်းစွာ ရှိနေပါသည်။
ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်သို့ သူတို့ညီအကို အတူတူရောက်ခဲ့ကြသော်လည်း အခန်းခြင်းမတူပဲ ခွဲနေခဲ့ကြသည်။ ဒါကလဲ ကိုကိုဆန္ဒအတိုင်းလုပ်ခဲ့သည်။ ကိုကို သည်သူ့အား မည်မျှမုန်းနေသည်ကို ထိုကျောင်းရောက်မှသိခဲ့ပါတော့သည်။
ညီညီငယ် ကျောင်းတွင်စာတော်သည်။ ညီညီငယ်ပထမဦးဆုံးသော ၉ တန်းလပတ်စာမေးပွဲတွင် အဆင့်တစ် ရသည့်နေမှစ၍ သူဘ၀ အစမိုးမှောင်ကျခဲ့တော့သည်။
ကျောင်းရပို့ကဒ်များကို အိမ်သို့ပို့ပေးခဲ့ကြသောကြောင့် အဖေနှင့်အမေရောက်လာခဲ့သည်။ သူအတွက် ပျော်ရွှင်ခြင်းများဖြင့် ဂုဏ်ပြုပေးခဲ့သည်။ ကိုကိုကတော့ အဆင့် ၃တွင်ရောက်ခဲ့ပါသည်။ သူတို့ညီအကိုတွေ အတွက်စားဖွယ်သောက်ဖွယ်များဖြင့် ရောက်လာခဲ့သော မေမေနှင့် ဖေဖေမျက်နာကိုကြည့်ကာ သူလည်းပျော်ရွှင်ခဲ့ရပါသည်။
“သားတို့နှစ်ယောက်ကသိပ်တော်တာပဲ ဒီအတိုင်းပဲ ကြိုးစားသွားကြ သားတို့ဖြစ်ချင်တာကို လုပ်ပေးမယ်”
“ဟုတ်ကဲ့ဖေဖေ”
“သားတို့ ၁၀ တန်းပြီးရင်ဘာတက်ကြမှလဲ သားကြီးကစပြော”
“သားကတော့ အင်ဂျင်နီယာပဲလုပ်မယ်”
“သားငယ်ကရော”
“သားက ဆရာဝန်ကြီးဖြစ်ချင်တယ် ဖေဖေတို့မေမေ တို့ကျမ္မားရေးကို သားကိုယ်တိုင်ပြုဆုချင်တယ်”
“အိုတော်လိုက်တဲ့ သားလေး”
မေမေ၏ချီကျူးသံက သူကိုအပြည့်အ၀ ပျော်ရွှင်စေပါသည်။ ကိုကိုကတော့ သူ့ကိုမလိုမုန်းတီးစွာ ကြည့်နေခဲ့သည်ကို သူမသိခဲ့ပါ။
“ကိုကိုလေး ညီ ဟိုဘက်ခန်းက ညီညီငယ်ကိုမင်းသိလား နိုင်နိုင်”
“အင်းသိတယ်လေး လပတ်တုန်းက အဆင့်တစ်ရသွားတဲ့ကောင်မဟုတ်လား ဘာဖြစ်လို့လဲ”
“အဲကောင်က အရင်ကျောင်းမှာနာမည်ဆိုးရှိခဲ့တယ်ကွ”
“ဘယ်လို ဟုတ်မှလည်းပြောပါကွာ အောင်ခိုင်ရာ”
“ဟုတ်တယ်ကွ သူအကိုတောင် သူနဲ့တစ်ခန်းထဲမနေတာ ကြည့် ငါတို့ကတစ်ကျောင်းတည်းနေခဲ့တဲ့ သူတွေ မသိပဲရှိမလားကွ”
“ဘယ်လိုဖြစ်လို့လည်း”
“ဒီလိုကွ……………………………………………… …. …..”
“ဟာ အဲလိုကြီးလာ …”
“အေး”
ကိုကိုလေး ကြားပါသည်။ ညီညီငယ်မကောင်းကြောင်းတွေ ပြောနေသော သူ့၏သူငယ်ချင်းစကားများကို ကြားသော်လည်း သူဘာမှဝင်မပြောခဲ့၊ သူနဲ့မဆိုင်သလို နေခဲ့ပါသည်။
ကျောင်းတွင် သတင်းဖြန့်နေသော် သူ၏ သူငယ်ချင်းများကို ကိုကိုလေး မတားခဲ့ပါ။ ဒီအတိုင်း ကြည့်နေလိုက်ပါသည်။
“ဟဲ့နင်ပြောတာသူလား”
“အေးလေ..သူပဲပေါ့ အရင်ကျောင်းတုန်းကလဲ သူ့ရဲ့အကို သူငယ်ချင်းကို သွားနမ်းတယ်ဆိုပဲ”
“ဟယ် ရုပ်ကလေနဲ့မလိုက် နှမျောစရာ”
“နှမျောမနေနဲ့ ခုသူနဲ့အတူတူနေတဲ့ သူက နင့်အကိုဆို”
“ဟယ်…ငါ့အကိုခန်းကလာ ဒါဆိုရင်တော့ မဖြစ်ဘူး ငါ့အကိုကိုယ်ပြောမှပဲ”
စကားသံများကို ညီငယ်ကြားနေရသည်။ ထိုစကားများသည် ပို၍ပင် ကျယ်ပြန့်လာတော့သည်။ မည်သူဆီမှ စခဲ့သည်ကို ညီငယ်ရှာမနေတော့၊ ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဟု စကားပုံရှိသည်မဟုတ်လား။ ညီညီငယ် နှင့်အတူနေရသော အခန်းဖေါ်ရဲ့နာမည်က နန္ဒကျော် ဖြင့်ပြီး သူ၏အမွှာညီမ တော်သူ နန္ဒခင်သည် လည်းထိုဘော်ဒါကျောင်းတွင်ပင် လာရောက်ပညာသင်နေသူ ဖြင့်သည်။
“နန္ဒ ငါပြောတာမယုံမရှိနဲ့နော် သူအကိုတောင် သူကိုခေါ်ခေါ်ပြောပြောရှိတာမဟုတ်ဘူး”
“ဟာကွာ ဘာလို့စောစောစီစီကမပြောတာလဲ အဲဒီလိုစောက်ခြောက်တွေဆို ငါကသိပ်မုန်းတာ ဒီကောင်နဲ့တစ်ခန်းထဲနေရတာကိုက မသသီးလိုက်တာကွာ၊ ခုမှအခန်းပြောင်းပေးဘို့ပြောတော့လဲ နှစ်ဝက်တောင်ကျိုးတော့မယ်”
“မင်းကလည်း ဘာဖြစ်လည်း သူလာရင်လည်း မင်းကပေးလိုက်ပေါ့”
“ချီးတဲ့မှပဲ အောင်အောင် မင်းပဲပေးလိုက် ငါ့တော့လာမပြောနဲ့ အဲလိုမျိုးကောင်တွေကို မုန်းတာ သတ်ပစ်ချင်လောက်အောင်ကိုမုန်းတာ”
နားနေချိန်တွင် အောင်အောင်ပြောလိုက်သော စကားများကို နန္ဒကြားတော့ အတော်ပင်ဒေါသ ထွက်ခဲ့သည်။ ကျောင်းတွင် ယောက်ျားလေး အင်းအားနည်းသည်။ သူတို့ ၉ တန်းတွင် အယောက် ၄၅ ယောက်ရှိသည့် အနက်မှ ယောက်ျားလေးက ၁၈ ယောက်လောက်ပင်ရှိပါသည်။ ၁၀ တန်းအဖွဲ့နှင့်ပေါင်းမှ ၁၀၀ တွင် ယောက်ျားလေး ၄၀ ပင်မပြည့်ချင်။
နန္ဒခုမှ စဉ်းစားမိသည်။ ညီညီငယ်ဆိုသည့် သူအခန်းဖေါ်သည် အဆောင်ရောက်လျှင် စားပွဲခုန်ကမထတော့ အားလုံးအိပ်ချိန်ရောက်မှ ရေချိုးသန့်ရှင်းလုပ်ပြီး အိပ်ယာဝင်သည်။ ဘယ်တော့ မှရေချိုးချိန်တွင် အများတန်တူ မချိုးခဲ့သည်ကို ခုမှသတိထားမိသည်။ ကျောင်းခန်းတွင်လည်း အေးဆေးတည်ငြိမ်စွာနေတတ်သည်။ ထိုကြောင့်ရွယ်တူ ကောင်မလေးများက ညီညီငယ်ကိုတိတ်တခိုး နှစ်သက်ကာ ကပ်တွဲကြသည်။ ညီညီငယ်ထံစာမေး၍ ချည်းကပ်ကြသည်။ ထိုအရာများကို နန္ဒလည်း မနာလိုစိတ်ကတော့ ဖြစ်မိသည်။ သူလောက်မှစာမတော်တာ ဟုသာဖြေသိမ့်ခဲ့သော်လည်း၊ ခုကြတော့ အခြောက်တစ်ယောက်နဲ့ပါတ်သက်ပြီး အခြောက်လောက်တောင် အစွမ်းမရှိပါလားဟု နာကျဉ်းလာမိသည်။
နန္ဒ ညီညီငယ်ထိုင်နေသော ခုန်သို့ထသွားလိုက်တော့သည်။ ကျန်ခဲ့သည့် သူငယ်ချင်းအောင်အောင်ကတော့ မျက်လုံးပြူးကာကြည့်နေခဲ့တော့သည်။
“ဟေ့ကောင်ညီညီငယ်”
ညီညီငယ် သည်နန္ဒခေါ်သည်ကို ဘာမှပြန်မပြောပဲ ထိုင်ရာကမော့ကြည့်လိုက်ပြီး မေ့ဆတ်ပြလိုက်သည်။
“မင်းကအခြောက်လာ”
“ဘာကွ”
“မင်းကအခြောက်ဆို တစ်ခြားကျောင်းမှာလဲ မင်းအဲဒီလိုမျိုးလုပ်ခဲ့တယ်ဆို”
“မင်းဘာတွေလာပြောနေတာလဲ”
“မင်းကအားလုံးသိအောင် ပြောစေချင်လို့လာ ဒါဆိုလည်းရတယ်လေ”
ညီညီငယ်မှာတော့ အံ့သြကာ သူ့အားမော့ကြည့်နေသည်။
“ဟေး….အားလုံးနားထောင် ဒီကောင်က အခြောက်တဲ့ အရင်သူနေခဲ့တဲ့ကျောင်းက ယောက်ျားလေးတစ်ယောက်နဲ့ ဖြစ်ခဲ့တယ်လို့ သတင်းကြားထားတယ်”
“ဟယ်….အို….ဟင်”
ဆိုသည့်ကောင်မလေးတွေဆီက အသံသာထွက်ခဲ့သော်လည်း ယောက်ျားလေးများက တော့ သူ့အားလှောင်ရယ်ကာ ကြည့်နေကြပါသည်။
ညီညီငယ်ကိုယ်များက တုန်ရီလာတော့သည်။ ရှက်သည့်ဒါဏ်ကို သူဘယ်လိုရင်ဆိုင်မည်နည်း။ နောက်ကွယ်တွင်ပြောသော စကားများကိုညီညီငယ်ရင်ဆိုင်နိုင်သော်လည်း ခုလိုဒဲ့ဒိုးကြီးပြောလာသော် စကားများကို ညီညီငယ် ရှက်မိပါသည်။
ထိုအချိန်တွင် မထင်မှတ်သော နေရာမှ မထင်မှတ်စွာဝင်ရောက်လာသူကတော့ နှင်းဆီ ဆိုသည့်ကောင်မလေးပင်ဖြစ်တော့သည်။
“အဲဒီတော့ နင်နဲ့ဘာဆိုင်လည်း နန္ဒ”
“ဟင်”
မထင်မှတ်စွာ ၀င်ပြောလိုက်သော နှင်းဆီကို နန္ဒကြောင်ကာ ကြည့်နေမိသည်။
“သူဟာသူ ဟိုတုန်းက ဘာပဲဖြစ်ဖြစ် ခုသူနေတာက ဘယ်သူကိုမှထိခိုက်နေတာမဟုတ်ပဲနဲ့ နင်ကဆရာကြီး ၀င်လုပ်နေရအောင် နင်ကရောဘာကောင်မို့လို့လည်း”
နှင်းဆီသည် လွန်စွာလှပသော ကောင်မလေးဖြစ်ပြီး ညီညီငယ်လိုပင် စာတော်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ သူမသည်လည်း အဆင့် ၂ ကို ညီညီငယ်ထက် ၂မှတ်လျော့ပြီး အဆင့်တစ်ကို ပေးခဲ့ရသူဖြစ်ပါသည်။ သူမသည်ကျောင်းတွင် ရေပန်းစားကာ နန္ဒတို့ ကြိတ်ခိုက်ခဲ့သော ကောင်မလေးပင်ဖြစ်ပါသည်။
“နင်နဲ့ဘာဆိုင်လို့ဝင်ပြောတာလဲ”
“ငါနဲ့တော့ မဆိုင်ဘူး ဒါပေမယ့် မတရားတာကို လက်ပိုက်ပြီးကြည့်နေမည့် သူထဲမှာငါမပါဘူး”
“ဘလိုင်းကြီးပါလား သူနဲ့ငါကတစ်ခန်းထဲနေတာ အဲဒီလိုအပြုမုမျိုးရှိထားတဲ့သူနဲ့ နေရတာ ငါအောက်တယ်”
“အောက်ရင်သေလိုက်ပေါ့ သူနဲ့တစ်ခန်းထဲနေရလို့ နင်က ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီး နင်ကပြောရအောင် နင်ကိုသူက ညညဘာလုပ်နေလို့လည်း”
“ဘာ..”
“ဟုတ်တယ်လေ နင်ပြောကြည့်စမ်း သူညည နင့်ကိုဘာလုပ်နေလို့လဲ ကဲပြော”
နန္ဒဘာပြောရမှန်းမသိတော့၊ ပြောစရာစကားများလည်း ပျောက်ကုန်သည်။
“နင်ကရောဘာလို့ ငြိမ်ခံနေရတာလဲ ပြန်ထိုးလိုက်ပါလား နင့်ကိုအခြောက်လို့ပြောနေတာကို”
ညီညီငယ်မှာပွဲကြည့်ပရိတ်သတ်လို ငြိမ်သွားကာ ကြည့်နေရင်းမှ နှင်းဆီပြောလိုက်သော စကားကြောင့် အသိဝင်လာကာ ဘာပြောရမှန်းမသိတော့ချေ။
“ငါ….ငါ…ရန်မဖြစ်ချင်လို့…
“သေလိုက်…..
နှင်းဆီဒေါကန်စွာအော်လိုက်သည့် အသံသည်လိုတာထက် အနည်းကျယ်လောင်သွားသည်။
“အဟက်..”
“နင်ကဘာရယ်တာလဲ”
နှင်းဆီ နန္ဒကို ဆောင့်ကြီးအောက်ကြီးပြောလိုက်သည်။
“ဘာဖြစ်လဲ ငါ့ဟာငါရယ်တာ နင်ကဘာဆိုင်လို့လည်း”
“အေး..နင်ကမှအခြောက်စစ်စစ်ပဲ သိလား နင်ခုလိုမျိုးလာပြောနေတာကိုးက မိန်မတွေရန်ဖြစ်သလို လုပ်နေတာလေ”
“ဘာ..ငါမိန်းခလေးရယ် ဘာရယ်နားမလည်ဘူးနော် ဆွဲထိုးမှာ င့ါကိုအခြောက်လို့လာပြောတာ မုန်းတာမရှိဘူး”
“နင်လုပ်တိုင် ခံနေမယ့်သူများမှတ်နေလာ သတတ္တိရှိရင်လုပ်ကြည့်လေ”
“နင်…”
နန္ဒ ရှေ့သို့တစ်လှမ်းအတိုးပဲရှိသေးသည်။ နှင်းဆီက ဒေါက်ချွန်ကို ဘယ်အချိန်ထဲက ကိုင်ထားသည်မသိ၊ လှမ်းရွယ်လိုက်သည်။ ညီညီငယ်မနေသာတော့ ရုတ်တရက်ထရပ်ပြီးကြုံးအော်လိုက်တော့သည်။
“တော်ကြတော့”
“နင်အသာနေစမ်း” “မင်းနေသာသလိုနေ”
နှင်းဆီနှင့် နန္ဒ သံပြိုင်အော်ကာ ညီညီငယ်ကို အော်ပစ်လိုက်သည်။ အောင်အောင်သည်လည်း မနေသာတော့ပဲ နန္ဒကိုလာဆွဲသည်။ နောက်ဆုံးတော့ ကျောင်းသား၊သူများ ၀င်ဆွဲကြသဖြင့် နှင်းဆီနှင့် နန္ဒကတော့ ဘာမှမဖြစ်ခဲ့ပါ။ သူတို့သုံးယောက်ကတော့ ရုံးခန်းရောက်ခဲ့ကြတော့သည်။
နောက်ဆုံးရလဒ်ကတော့ ညီညီငယ် ကျောင်းတွင် အခြောက်ဟုရေပန်းစားသွားတော့သည်။ နန္ဒ၊နှင်းဆီ နှင့် ညီညီငယ်တို့ကတော့ ကျောင်းတွင်ရှိအမှိုက်များလိုက်ကောက်ခြင်း ပစ်ဒါဏ်ကိုခံခဲ့ရတော့သည်။
ဆရာမကြီး ဒေါ်ဖြူဖြူဝင်း၏ ဆုံးမစကားတွင် ၁ နာရီလောက်ခံခဲ့ရသည်။ နောက်ဆုံးအကြိမ်ခွင့်လွှတ်မည် ဟုပြောကာ နောက်တစ်ကြိမ်ဖြင့်ခဲ့လျှင် မိဘများခေါ်မည်ဖြစ်ကြောင်းလဲ ပြင်းပြင်းထန်ထန် သတိပေးလိုက်တော့သည်။
သုံးယောက်သား အမှိုက်ကောက်ရသည့် ဒါဏ်ကိုခံရပြီးနောက် သူနှင့်နှင်းဆီကတော့ ရင်းနှီးသော မိတ်ဆွေများ ဖြင့်သွားခဲ့တော့သည်။ နှင်းဆီ နှင့်ပါက်သက်ပြီး ကျောင်းတွင် ရုပ်ဆိုးသော ကောင်မလေး တွယ်တာနှင့်ပါ ခင်ခွင့်ရခဲ့သည်။ သူမကတော့ ပညာအရာမှာတော်ပါသည်။ ရုပ်ကတော့ဆိုးသည်။ သူမသည် စိတ်ထားကတော့ လှပသည်။
သူတို့သုံးယောက်သည် အမြဲတမ်း ကျောင်းဝန်းကြီးထဲတွင် ပေါက်နေသော မကျဉ်းပင် အောက်တွင်ထိုင်ကာ စကားပြောစာကျက်ကြခြင်းဖြင့် ရင်းနှီးမှု့ ပိုများလာတော့သည်။
“ညီညီငယ်”
“အင်းပြော”
“နင်တကယ်ပဲ ဟိုကျောင်းတုံးက တစ်ယောက်ကိုနမ်းခဲ့တာလာ”
“ဟာ…နင်ကဘာလို့လာမေးတာလဲ တွယ်တာ”
သူတို့နှစ်ယောက်ပြောနေသည်ကို နှင်းဆီကြည့်နေပါသည်။
“အော်ဘာရယ်မဟုတ်ပါဘူး သိချင်လို့ပါဟ”
“မဟုတ်ပါဘူး လုပ်ကြံခံရတာ”
“ဟဲ့နင့်စကားကြီးကလဲ ဘာတုံး”
“ငါပြောရင်ဘယ်သူကမှယုံတာမဟုတ်တာ”
“အိုမဟုတ်တာ ငါတို့ကသူငယ်ချင်းတွေလေ မယုံပဲရှိပါ့မလာ”
“နင်တို့မပြောနဲ့ ငါ့မိဘတွေတောင်မယုံတာ ဘယ်သူကယုံကြမှာလဲ”
နှင်းဆီ ညီညီငယ်ကို ဂရုသက်စွာကြည့်လိုက်ပြီး။
“ညီညီငယ် နင်စာတွေဖတ်လာ”
“ဖတ်တာပေါ့ ငါစာတွေပဲဖတ်တာ ကျက်တာ ငါ့ဘ၀မှာ နင်တို့နဲ့မတွေ့ခင်ကတော့ စာတွေက ငါ့သူငယ်ချင်း၊ အရင်းနှီးဆုံးမိတ်ဆွေတွေပဲ၊ ငါချစ်ခဲ့တာလဲ စာတွေပဲ”
“ငါပြောတာ အပြင်စာတွေပြောတာ ပညာပေးစာတွေ၊ ဆေးစာတွေ၊ ဗဟုသုတစာတွေ၊ ရှင်းရှင်းပြောရရင် ၀တ္တုတွေ၊ ဆောင်းပါးတွေ”
“အော်…”
“ဖတ်ဖြစ်လာ”
“ဟင့်အင်း ကျောင်းစာတွေပဲဖတ်တယ်”
“နင်တို့ငါတို့ဆိုတာလေ မီကောင်ပေါက်အရွယ်တွေတဲ့”
နှင်းဆီက ဆရာမကြီး ဂိုက်ဖမ်းကာ သူတို့ နှစ်ယေက်ကိုရှင်းပြနေသည်။ သူတို့နှစ်ယောက်ကလည်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် နားထောင်နေကြပါသည်။
“မီကောင်က ဘယ်လိုပေါက်တာလဲ”
တွယ်တာ၏ မေးခွန်းကြောင့် နှင်းဆီပင်ကြောင်ကာ သွားသည်။
“မီကောက်ပေါက်ဆိုတာက ပေါက်ချင်လို့ပေါက်တာတဲ့”
“သေနာ ညီငယ် နင်ပဲပေါက် စကားအကောင်းကို မပြောရဘူး”
“အဟီး ပြောပါပြောပါ ဆော်ဒီး”
နှင်းဆီ သူတို့နှစ်ယောက်ကို မျက်စောင်းထိုးလိုက်သည်။
“ဒီလိုအချိန်ဆို စိတ်ကစားတတ်ကြတယ်၊ ထူးဆန်းတာတွေလုပ်ချင်လာကြတယ်၊ သစ်ရွက်ကြွေတာကစ ရယ်ချင်တတ်ကြတယ်၊ ဘာမဟုတ်တာလေးကိုက မြင်မြင်သမျှကို စူးစမ်းချင်လာကြတယ်၊ လူပျိုဖေါ် အပျိုဖေါ်ဝင်တဲ့အချိန်ပေါ့ဟယ်”
“အော်….”
“ဒီလိုအချိန်ကြရင် မိဘတွေကစိုးရိမ်လာကြတယ်၊ လမ်းမှားရောက်မှာကိုလည်းကြောက်ကြတယ်၊ ကလေးတွေလို့သတ်မှတ်ထားတဲ့ ငါတို့တွေကိုပေါ့ သိပ်ပြီးနေရာမပေးချင်ကြဘူး၊ အကဲတက်သွားမှာစိုးလို့လည်း ပါတယ်”
ညီညီငယ် နှင့် တွယ်တာကတော့ နှင်းဆီကို အားကျသလိုကြည့်နေကြသည်။ သူတို့မသိသော် အရာများကို နှင်းဆီသိနေသည်မဟုတ်လား။
“အဲဒါကြောင့် နင့်မိဘတွေက နင်ကိုစိုးရိမ်လို့ ဂရုစိုက်ရင်း ဒီလိုဖြစ်သွားတာနေမှာပါ”
“နင်သိပ်တော်တယ်”
“အေးဟုတ်တယ် နင်ကစာတင်မကဘူး ဗဟုသုတတွေလည်းရှိတယ်”
“အဟင်း…အဲ့ဒါငါ့ဖေဖေ ရဲ့ကျေးဇူးတွေလေ…ငါ့ဖေဖေက ငါအလယ်တန်းမှာ ငါ့ကိုဗဟုသုတ စာတွေဖတ်ဘို့တိုက်တွန်းတယ်၊ ကျောင်းပိတ်ရက်ဆိုရင် ငါကငါ့ဖေဖေ နဲ့ အတူ စာကြည့်ခန်းထဲမှာ တစ်နေကုန်ထိုင်နေတော့ပဲ”
ညီညီငယ်ကအားကျသလိုကြည့်သည်။ တွယ်တာကတော့ ၀မ်းနည်းစွာကြည့်သည်။
“နင်ကံကောင်းလိုက်တာဟယ် ငါ့မှာတော့ အဖေဆိုတာဘယ်သူမှန်မသိခဲ့ရဘူး”
“အို…တွယ်တာကလည်း”
နှင်းဆီက တွယ်တာကိုဖက်ပြီး နှစ်သိမ့်ရှာသည်။ ညီညီငယ်ကတော့ ရင်ထဲကနေပြီးပြောလိုက်သည်။ (နင်တို့နှစ်ယောက်လုံးက ငါ့ထက်ပိုကံကောင်းကြပါတယ်)
နှင်းဆီ သည်ညီညီငယ် ကျောင်း၏ဧည့်တွေ့ခန်းမှ ပြန်လာသည်ကို ကြည့်နေပါသည်။ ညီညီငယ် မျက်နာမကောင်းစွာ ပြန်လာသည်ကို ကြည့်ရင်းမှ သိနေသည်။
“နင်ဘာဖြစ်လာတာလဲ ညီငယ်”
နှင်းဆီ အနားသို့ ညီညီငယ်ရောက်လာသည်ကိုပင် သတိမထားမိ၊ နှင်းဆီအသံကြားမှ အသိဝင်လာသည်။
“ဖေဖေ တို့ မေမေတို့ လာလို့သွားတွေ့တာ”
“ဟဲ့အဲဒါ ပျော်ရမှာပေါ့”
မေးသူရှိမှပိုဝမ်းနည်းလာသည်။ ငိုချင်နေသည့် ကလေးအား လက်တို့သလို ဖြစ်နေတော့သည်။
“ဟိုရက်က ရုံးခန်းရောက်သွားတာကို သိလို့ဆူသွားတာ”
မျက်ရည်ဝိုင်းများ ဖြင့်ပြန်ဖြေသော ညီညီငယ်ကို ကြည့်ကာ နှင်းဆီစိတ်ပျက်စွာ ကျွတ်သက်လိုက်မိသည်။
“အဲဒါနင်ရှင်းပြရမှာပေါ့”
“ငါပြောတာကို လက်မခံကြဘူးဟာ သူတို့ငါကိုပဲ ဆူသွားတယ်”
“နေပါအုံး နင်မိဘတွေက ဘယ်လိုသိသွားတာလဲ ဆရာမကပြောလိုက်လို့လာ”
“မသိတော့ပါဘူးဟာ”
သူတို့နှစ်ယောက်ရပ်စကားပြောနေချိန်တွင် ကိုကိုလေးရောက်လာပါသည်။
“မင်းက နှင်းဆီနဲ့သိနေတာလာ”
“ဟုတ် ကျနော်သူငယ်ချင်းပါ”
နှင်းဆီကို ကိုကိုလေး တစ်ချက်ပြုံးပြလိုက်ပြီး၊။
“ကျနော်နာမည် ကိုကိုလေးပါ”
“ကျမသိပါတယ်”
နှင်းဆီသည် နုတ်မှ ကျမဟုပြောသော စကားသည် ပထမဦးဆုံးကြားရသည့် မိမိကိုယ်ကို သုံးနှုန်းက တစ်စိမ်းယောက်ျား ရွယ်တူကိုပြောလိုက်သည့် စကားဖြင့်ပါသည်။
ကိုကိုလေး ဘာပြောရမှန်းမသိတော့ပဲ အီလည်လည် ဖြစ်သွားတော့သည်။
“ဒါဆိုငါသွားတော့မယ် ညီညီငယ်၊ နှင်းဆီ ကျနော်သွားအုံးမယ်”
“ကောင်းပါပြီး”
ကိုကိုလေး ထွက်သွားတော့ပြီး အနည်းငယ် အလှမ်းဝေးတော့မှ။
“နင်အကိုဆိုတာ သူလား”
“အင်းလေ နင်မသိဘူးလာ”
“မသိပါဘူး နင့်အကိုဆိုတာ သူဖြစ်နေတာကို”
“နင်က ငါ့အကိုနဲ့ခင်လို့လာ”
“ဟယ်…မသိပါဘူး”
“နင်ပြောတော့ ငါအကိုနဲ့ခုဏကပြောတာ သိတယ်ဆို”
“နင်အကိုဆိုတာကို ခုမှသိတာ အဲဒီလူနဲ့သိတာ ဟာမပြောချင်ဘူး”
“ဟင်…ဘာကြီးလဲဟ..နင်ကဘယ်လိုသိတာတုံး”
“ခပ်ပါးပါးလေးပါဟယ် သိပ်မသိချင်နဲ့”
“နင်ကသူကျတော့ ကျမလို့နာမ်စားသုံးပြီးပြောတယ်နော်”
“အေး မရင်းနှီးချင်လို့တမင်သုံးလိုက်တာ”
“အော်…ဒီလိုလာ”
ညီညီငယ်ကတော့ နှင်းဆီ ၏ခပ်ပါးပါး ကို သိပ်မတွေးတော့ သူလည်းခပ်ပါးပါး ခေါင်းရှုပ်သွားပါတော့သည်။
နန္ဒခုသလော ငြိမ်နေသည်။ အဘယ့်ကြောင့်ဆိုသော် နန္ဒစိတ်တွင် မိမိအား စိတ်ဆိုးကာ ပြောသွားသော နှင်းဆီဆိုသည့်ကောင်မလေးကို ဆွဲလမ်းနေမိသည်။
မျက်စိမှိတ်တိုင်း နှင်းဆီ၏ ဒေါသဖူးဖူး နုတ်ခမ်းလေးကို သတိရနေမိသည်။ သူနှင်းဆီကို ချစ်နေမိပြီးလာ…
“ဟေ့ကောင်နန္ဒ ဘာဖြစ်နေတာလဲ မင်းမျက်လုံးက အဲဒီအခြောက်ကောင်ဆီပဲရောက်ရောက်နေတယ်”
အောင်အောင်ပြောလည်းပြောချင်စရာ၊ နှင်းဆီနှင့် ညီညီငယ်က ခုန်တွဲကာ ထိုင်ရသည်။ သူတို့ကျောင်းက စိတ်ကြိုက်ထိုင်ချင်သည့်နေရာကို ထိုင်နိုင်သည့် အတွက် ထိုအခွင့်အရေးသည် ညီညီငယ်ရနေပါသည်။
“ထွီး…ဘယ်ကလာ နှင်းဆီကို ရှိုးနေတာကွ”
“ဟဟဟဟ ငါသိပါတယ် တမင်ပြောလိုက်တာ ဘယ်လိုလည်း မင်းသူကိုကြိုက်နေပြီးလာ”
“အေး..”
“ဒါဆိုလိုက်ကွာ”
“ဟိုအခြောက်က ကိုးလို့ကန့်လပ်နဲ့ကွာ နေရာတကာပါနေတယ်”
“ဟဘာဖြစ်လည်းရှင်းပေါ့ကွ”
“ဘယ်လိုလုပ်ရမှန်းမသိပါဘူးကွာ”
“မင်းကလည်း ညံ့ပါ့”
“မသိတော့ဘူးကွာ”
နန္ဒစိတ်ပျက်စွာ ညင်းတွားမိတော့သည်။
“နှင်းဆီ နှင်းဆီ”
နှင်းဆီ ကျောင်းဧည့်ခန်းတွင် ဖေဖေ၊မေမေတို့ နှင့်တွေ့ပြီး ပြန်လာတာဖြစ်ပါသည်။ နောက်မှ တစ်ဖက်ဖက်နှင့်ပြေးလိုက်သည့် နန္ဒခေါ်သံကိုလည်းကြားပါသည်။ နန္ဒကိုလည်း သူ့မိဘများနှင့် ဧည့်ခန်းမှာတွေ့ခဲ့ပါသည်။
“ဘာတုံး ဘာဖြစ်လို့နောက်ကလိုက်နေတာလဲ”
“ဟာနှင်းဆီကလည်း စိတ်ဆိုးနေတုံးလာ”
“အလိုတော် ငါကဘာကိုစိတ်ဆိုးနေရမှာလည်း”
“ဟိုတစ်ခါ ညီညီငယ်နဲ့ပါက်သက်ပြီး ဖြစ်ထားတာကိုပြောတာပါ”
“အို…ဘာမှမဆိုင်တာ စိတ်ဆိုးစရာဘာမှမရှိဘူး”
“တကယ်…၀မ်းသာလိုက်တာဟာ နင်ကစိတ်ဆိုးနေတာမှတ်ပြီး ငါကမခေါ်ရဲလို့”
နှင်းဆီမျက်စောင်းခဲက နန္ဒကိုကြည့်လိုက်သည်။
“ကဲဘာတုံး ဘာပြောမလို့လည်း”
“နင်ကိုလေ နင်ကို..ငါ..ငါ..ဟိုဟာ…”
“တော် ဆက်မပြောနဲ့ နင်ပြောမှာကိုငါသိတယ်၊ အေးတခါတည်း ပြောလိုက်မယ် နင်ကိုတော့ ငါခင်ပါတယ် ရှေ့ဆက်ဘို့တော့ မကြိုးစားနဲ့”
“ဟာ..ဘာဖြစ်လို့လည်းဟာ…ငါကတစ်ကယ် ချစ်လို့ပါ”
“နင်ကလေ ပြောလေဆိုးလေပဲ နင်က ငါ့ကိုကြိုက်နေတယ်ထင်လို့ပါ၊ တကယ်တော့ နင်စိတ်ကစားတာ သိလား၊ နင်ညီညီငယ်လိုသာ ကြိုးစားစမ်းပါ၊ ကြည့်ညီညီငယ်ဆို ဘယ်လောက် တည်တန့်လည်း၊ သူအိနြေ္ဒနဲ့ သူနေတယ်၊ ဘယ်လောက် လေးစားဘို့ကောင်းလည်း၊ ဒါမျိုးတွေကိုလေ့လာသင်ယူစမ်းပါ၊ မဟုတ်တာကို စိတ်ထဲမထားနဲ့ နင်လည်း ငယ်သေးတယ် ငါလည်းငယ်သေးတယ် မဖြစ်နိုင်တာကို မတွေးနဲ့”
နန္ဒကျွဲမှီတိုသွားသည်။ သူအမုန်းဆုံးလူ နှင့်ခိုင်နှိုင်းကာ ပြောနေသည်ကို မကျေနပ်၊ သူအားမုန်းသည်ဟု ပြောသွားလျှင် သူခံသားသေးသည်။ ခုတော့….
“နောက်တစ်ခု ညီညီငယ် ကိုနင်တို့ကအခြောက်အခြောက်နဲ့ပြောနေတာ၊ ကျောင်းထဲမှာ ကြည့်စမ်း ညီညီငယ် ခြောက်နေတာကို နင်မြင်ဖူတွေ့ဖူလို့လာ၊ မဟုတ်တမ်းတရား ပြောတဲ့စကားတွေကို နင်ယုံတာကိုက နင်အတွက်အမှားပဲ၊ ကဲငါသွားတော့မယ် …အော် နှဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်လိုက် နင်နဲ့ ညီညီငယ် ဘယ်သူသာလည်းလို့”
နှင်းဆီကတော့ နန္ဒအပေါ်တွင် ညီညီငယ်အားစော်ကားခဲ့သည်ကို မကျေနပ်သေး၍ စိတ်ထဲရှိသည်များကို သာသာလေ နှက်ခဲ့ပါသည်။ နှင်းဆီ ၏ အနိုင်ယူလိုသည့် စိတ်ကလေးဖြင့် ပြောဆိုခဲ့သော စကားများသည် ညီညီငယ် အပေါ်အမှားကြီးတစ်ခု သက်ရောက်ဘို့ တွန်းအားပေးခဲ့သည့် စကားသာ ဖြင့်ခဲ့သည်ကို နှင်းဆီ ကြိုသိမယ်ဆိုခဲ့လျှင် ထိုစကားကို ပြောခဲ့မည်မဟုတ်ချေ။

ဆက်ရန်
Jinjar

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...