Monday, July 14, 2014

ဆုံစည်းရာ ၉

အခန်းပြန်ရောက်တော့
ထက်ပိုင် ရောက်နေပြီ။
ဝယ်လာသော J'Donut ၂ဘူးထဲမှ
၁ဘူးကို ကိုလတ် အမေ အန်တီလှ ဆီဝင်ပေးဖြစ်ခဲ့သည်။ဘာဘဲပြောပြော တန်ရာတန်ကြေး ပေးနေတယ်ဆိုပေမယ့်
ရေခဲသေတ္တာလိုမျိုး မီးပူ ပေါင်းအိုး လိုမျိုး
အသုံးအဆောင် ပစ္စည်းတွေပေးသုံးတယ်ဆိုတာက
တော်ရုံအဆောင်ပိုင်ရှင်တွေက ခွင့်မပြုပေ။အဲ့တော့ ကိုယ်ကလည်း နေရထိုင်ရ အဆင်ပြေအောင် တစ်ခါတစ်လေ ဂါရဝပြုရတာပေါ့လေ။
xxx xxx xxx
'' သြော် မင်းဘယ်သွားနေတာလဲ
အိမ်ပြန်သွားတာလား '' လို့ ထက်ပိုင်ကမေးသည်။
'' မဟုတ်ဘူး ၉ မိုင် Ocean သွားတာ
ဝယ်စရာလေးတွေရှိလို့ ''
'' ရေခဲ သေတ္တာထဲမှာ ငါးဖယ်ချဉ်နဲ့
ပုဇွန်ချဉ် ထည့်ထားတယ်---
မေမေ ဝယ်ပေးလိုက်တာ မင်းအတွက်!!!
ငါးဖယ်ချဉ်ကတော့ ကြော်ပေးလိုက်တယ်.ပုဇွန်ချဉ်ကတော့
အစိမ်းဘဲ ဖက်နဲ့ထုပ်ထားတယ် ''
ချမ်းမြေ့က
'' ဟင် အားနာစရာကြီး အန်တီကလဲ
ဘာလို့လဲ '' တကယ်အားလည်းနားနေမိသလို
ဝမ်းသာနေတာကလည်း
အတိုင်းမသိပါဘဲ။
'' ပဲခူး မနီ တံဆိပ်ထင်တယ်
ဟုတ်လား '' လို့ ချမ်းမြေ့မေးတော့
'' ဟုတ်မယ်ထင်တယ် သေသေချာချာတော့ ငါမသိဘူးကွ '' တဲ့
ကဲ အဲ့ဒါသာ ကြည့် ယောကျာ်းစစ်စစ်တွေများ ဘာမှကိုအလေးထား ဂရုမစိုက်တတ်ဘူး။
'' ထမင်းဘယ်ကရ အိုးထဲကရ '' ဆိုတာမျိုးတွေ
xxx xxx xxx
သူ့ အတွက်ဝယ်လာတဲ့ Nieva Roll-on
လေးကို ထုတ်ပေးတော့ နည်းနည်းတော့
အံ့သြသွားပုံရတယ်။
'' ငါ့ ဖို့လားတဲ့ ''
ချမ်းမြေ့လည်း
" ဟုတ်တယ် buy 1 get 1 free promotion
'' လေဆိုပြီးလိမ်ပြောလိုက်မိတယ်။
နို့မိုဆို သက်သက်ကြီးပေးသလိုဖြစ်နေမှာပေါ့
ဒါပေမယ့် " ကျေးဇူးဘဲ '' လို့ သူပြုံးပြီးပြောတာကိုတော့ ကျေနပ်မိပါတယ်။
xxx xxx xxx
'' ချမ်းမြေ့ ညကျရင် မြောင်းတကာဘက် သွားရအောင် ကွာ " ထက်ပိုင်ရုတ်တရက်ပြောလိုက်တော့
ချမ်းမြေ့ဆွဲလက်စ Drawing ကိုခဏရပ်ပြီး သူ့ကိုကြည့်လိုက်တယ်။
'' ဘာလုပ်ဖို့လဲ မြောင်းတကာ ကို ''
'' အော် အဲ့မှာ ထန်းရည်နဲ့ကြွက်ကြော်
သိပ်ကောင်းတယ်တဲ့ ငါ့ကို ဇာနည်တို့ပြောဖူးတယ်ကွ ''
'' အဲ့ဒါ သွားဝိုက်မလို့လေကွာ
အဖော်မရှိတာနဲ့ မင်းလိုက်ပေးပါလား
သောက်တတ်တယ်မလား ''
'' အိုးမိုးနား အိုးမိုးးနားးး ''
ချမ်းမြေ့ ကိုယ့်နားကို ကိုယ်မယုံနိုင်အောင်ပင်ဖြစ်ပြီး
စိတ်ထဲမှလည်း ကိုရီးယားလိုပါ
ရေရွတ်လိုက်မိသည်။ဟုတ်တယ်လေ။
ကိုယ်တိုင်ပြုလုပ်ဖို့စဉ်းစားထားတဲ့
ထက်ပိုင် တစ်ယောက်မူးရစ်ရီဝေရေး
project က ခုကြည့် ကိုယ်တိုင်ဆွဲစရာမလိုဘဲ သူ့ဘာသာသူ
တင်ပြလာလေသည်။သြော် ဇာတာရယ်
တက်ချက်----ချမ်းမြေ့ချက်ချင်းပင်
" အေး ငါလည်းအောင်သူပြောတာ
ကြားဖူးတယ်။စစ်ကော စစ်ပါ့မလား။
နေရာကော သိလို့လား။ '' ချမ်းမြေ့လည်းဟန်ဆောင်ပန်ဆောင်ပြန်ပြောတော့
'' နေရာ ငါသိတယ် သံမဏိစက်ရုံသွားတဲ့လမ်းမှာ ရွာထဲကို ဝင်ရင်ရပြီ ဘယ်သူမေးမေးသိတယ်တဲ့ ''
'' မင်းလိုက်မှာမလားကြာတယ်ကွာ
မိုးတောင်ချုပ်တော့မယ် ခုဘဲ သွားကြမယ် '' ဆိုတော့
'' ရေမချိုးတော့ဘူးလား ငါကတော့ ချိုးချင်သေးတယ် '' လို့ချမ်းမြေ့ပြောတော့
'' ငါကတော့ ပြန်လာမှဘဲ ချိုးတော့မယ်
မင်းချိုးချင်ရင် မြန်မြန်ချိုးတဲ့ ''
ဒါနဲ့ ချမ်းမြေ့လည်း မြန်မြန်ရေချိုး
အဝတ်အစားလဲပြီးတော့ သွားဖို့ပြင်ဆင်ရတော့တာပေါ့။
xxx xxx xxx
မောင်မင်းကြီးသားက ကိုလတ်ဆီက
ဆိုင်ကယ်ကြိုငှားထားတာထင်တယ်။
ကိုလတ် ဆိုင်ကယ်ပေါ်မှ ခွလျက်အနေထာနဲ့ အဆင်သင့်စက်နှိုးထားပြီး
လာတက်ဆိုတဲ့ သဘောနဲ့ မေးငေါ့ပြလေသည်။ဆိုင်ကယ်ဆီး ဦးထုပ် Helmet ဝတ်ထားတာမတွေ့သဖြင့်
ချမ်းမြေ့က မေးကြည့်တော့
'' ဟာရှုတ်တယ် မလိုပါဘူးကွာ
ပဲခူးသားပါကွ ဆိုင်ကယ် ဖက်ပြီးမွေးလာတာကွ အေးဆေးဘဲ ''
ယောကျာ်းလေးတစ်ယောက် အဲ့ဒီလို ရဲဝံ့တာကိုကြိုက်ပေမယ့်
ကိုယ်ချစ်ရတဲ့သူမို့ ထိခိုက်ဒဏ်ရာ မတောတဆ ရမှာကိုမလိုလားပါဘူး။
ဒါနဲ့ ချမ်းမြေ့က
နန်းခင်ဇေယျာလို လေသံမျိုးနဲ့
'' ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်
ဆောင်းဖို့ဆိုတာ လိုတယ်။
အရမ်းအရေးကြီးလို့ပြောတာနော် '' လို့
ပြောလိုက်တော့ သူရယ်နေပြန်ပါတယ်။
ဘာဘဲပြောပြော ချမ်းမြေ့ကျေနပ်မိပါသည်။
သူ့နောက်ကနေ
သူ့ကိုယ်သင်းရနံ့ လေးကိုရှူရှိုက်ရင်း
တစ်ခါတစ်ခါ ဘရိတ်ဖမ်းလိုက်ရင်
ပြုတ်ကျမှာစိုးသလိုလို ကြောက်သလိုလို
ပုံစံနဲ့ သူ့ခါးကလေးကိုလှမ်းဖက်လိုက်ရင်း
ရလာတဲ့ခံစားမှုအထိအတွေ့က နှလုံးသားထဲအထိ
တစိမ့်စိမ့်ကြည်နူးနေမိပါတယ်။
xxx xxx xxx့
မြောင်းတကာက ပြန်လာတော့ ၈နာရီခွဲ
ကျော်နေပါပြီ။ထက်ပိုင် ကတော့မူးနေကောင်းနေပါပြီ။
ချမ်းမြေ့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်မို့ သိပ်မသောက်ခဲ့သဖြင့်ခပ်ထွေထွေမျှသာ။ချမ်းမြေ့ထင်သည် ထန်းရည်က အရမ်းရောင်းကောင်းနေတော့ စစ်မည်မထင် ထန်းပင်လေးကဖြင့် ၄ ၅ ၆ပင်လောက်နဲ့။'' ဇေ '' ရောမည်ထင်သည်။ဆိုင်ကယ်ကို ကိုလတ်မတွေ့သဖြင့် အန်တီလှဆီဘဲ အပ်ခဲ့လိုက်သည်။
ထက်ပိုင်ကတော့ အန်ချင်သည်ုဟုဆိုကာ
ပြေးတက်သွားနှင့်လေသည်။
အခန်းထဲရောက်တော့ သူ အန်ထားပြီးပြီဖြစ်သည်။သူ့ ခုတင်အိပ်ယာခင်းပေါ်၌
အန်ဖတ်များ ပြန့်နေသည်ကို တွေ့ရသည်။လူကလည်း လက်ကားယား
ခြေကားယားနဲ့ မူးနေသည်။ချိုင်းပြတ်စွတ်ကျယ် အပေါ်မှာလည်း အန်ဖတ်များပေနေသည်မို့
'' ထက်ပိုင်--- ထထ စွတ်ကျယ်ချွတ်လိုက်
ချွတ်ချွတ် ပြီးရင် ငါ့ခုတင်ပေါ်ပြောင်းအိပ်ချည်
ထထ---လုပ်လုပ် '' ဆိုတော့
စကားနားထောင်သည့် ကလေးတစ်ယောက်လိုပင်
မူးမူးငိုင်ငိုင် ပုံစံလေးနှင့် လုပ်ရှာသည်။
ချမ်းမြေ့လည်း သူ့စွတ်ကျယ် အိပ်ယာခင်း တို့ကိုလုံးထွေးယူပြီး
ရေချိုးခန်းဆီသို့ထလာလိုက်လေသည်။ဟုတ်တယ်လေ။သွာတိုက် မျက်နှာသစ် ရေချိုးပြီး တစ်ကိုယ်လုံးကို Lotion လိမ်းရမယ်လေ။ထက်ပိုင်အတွက်
ချမ်းမြေ့သန့်ရှင်းနေစေချင်တယ်။
ပြီးတော့ မိန်းကလေးရနံ့ အပြည့်ပါတဲ့
Aron Gold Lotion လေးလိမ်းပြီးဆွဲဆောင်ရမယ်လေ။
ရေချိုးခန်း ပေါက်ဝဆီမှ အပေါ်ပိုင်းဗလာကျင်းနေသော
ချမ်းမြေ့ခုတင်ပေါ်မှ ထက်ပိုင်ကို သမင်လည်ပြန်ကြည့်ရင်း
ငါမကြာခင် ပိုင်ဆိုင်ရတော့မယ့်
ယောကျာ်းတစ်ယောက်ပါလားလို့ကျေနပ်နေမိပါတော့တယ။်
ထက်ပိုင်အတွက်တော့ မသိပေမယ့်
ချမ်းမြေ့ ဘဝအတွက်တော့ သူက ပထမဆုံးလူရယ်မို့ပါ။အရမ်းကိုချစ်နေမိပြီဆိုတာထက် မြတ်နိုးတန်ဖိုးထားမှုက
ပိုပါတယ်လေ။


By 
ChamMyae Ko

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...