Friday, July 4, 2014

ဟာသအိမ်ကလေး ... Episode 1 - 4

Episode 1
 
တကယ်တော့ ထိုနေ့က မင်းမြတ် ဖေဖေတို့Companyက ၀န်ထမ်းသာ အသစ်ပြောင်းလာခြင်း မဟုတ်ခဲ့လျှင် ထို ပြသနာများ ဖြစ်လာမည် မဟုတ် ။ ပြသနာ အစကား ထိုကဲ့သို့တည်း ။
 
*********************************************************
 
ဟယ်လို … ဦးမြတ်သူရ ရှိပါသလား …
 
ဆရာအပြင်သွားပါတယ်ခင်ဗျ … ဘယ်သူလဲမသိဘူး …
 
ငါ သူ့မိန်းမပါ …
 
သြော် … ဆရာကတော်လား … ဘယ်လိုဖြစ်တာလဲ … လမ်းမှာ လူကွဲသွားကြတာလား … အခုဘဲ တူတူ ထွက်သွားကြတာ မဟုတ်လား …
 
ဂွပ် … ။ တစ်ဖက်က ဖုန်းကို ခွပ်ကနဲ ချသွားသည် ။ နေမင်းထိုက် ခေါင်းကုတ်မိသည် ။ ဟုတ်တယ်လေ ။ အခုဘဲ ဆရာက ကောင်မလေးငယ်ငယ်လေး တစ်ယောက်နဲ့တူတူထွက်… ထွက် … ။ အဲ ။ သွားပြီ ။ နေမင်း သိလိုက်ပြီ ။ ဆရာကတော်ကြီးနှင့် ဆရာကတော်လေးတို့ကို နေမင်း မှားပြောမိလိုက်ပြီ ထင်သည် ။
 
သေလိုက်တော့ ။ သည် Company အကြောင်း မသိဘဲ ထင်ရာ ရမ်းပြောလိုက်တာ ။ သွားပြီ ။
 
*************************************************
သားရေ … မင်းမြတ် …
 
ဗျာ … မေမေ …
 
မင်းအဖေ နောက်မီးလင်းနေတယ် …
 
နောက်မီးလင်းရအောင် ဖေဖေက ကားမှ မဟုတ်တာ မေမေရဲ့ …
 
ငါပြောတာ နင့်အဖေ မယားငယ် ထားနေတယ်ပြောတာ …
 
အယ် … တကယ်လား …
 
ဟုတ်တယ် … အခုချက်ချင်း သူ့ Company ကို လိုက်သွား … ချောင်းလာခဲ့ …
 
ဟာ … မေမေကလည်း … သွားရင် ကားငှားသွားဖို့ ကားခက ကုန်ဦးမယ် … ပြီးတော့ ဟိုရောက်လို့ရှိရင် ဖေဖေ့အကြောင်းကို စုံစမ်းဖို့ ရုပ်ဖျက်သွားရမှာဆိုတော့ အ၀တ်အစားလည်း ၀ယ်ရဦးမယ် … Rapper ဦးထုပ်လေးပါ ဆောင်းသွားမှ ဖေဖေ မသိမှာပေါ့ … ပြီးတော့ ဆိုင်တွေ လိုက်ချောင်းမယ်ဆိုရင် တစ်ခုခု မှာစားဖို့က……
 
ကဲ … တော်ပြီ … ထပ်မပြောနဲ့တော့ … ငါ ပိုက်ဆံပေးလိုက်မယ် … ကိုယ်တော် … ချောင်းမှာဖြင့် မြန်မြန်ချောင်း …
 
ဟီး … ဟုတ်ကဲ့ …
 
***********************************************
 
အိုပါး … သီလည်း လိုက်ခဲ့မယ် …
 
ဘေးနာကို ကပ်ကာ တိုးတိုးလေး ပြောလာသော မြတ်သီဟကို ကြည့်ပြီး မင်းမြတ် စိတ်ညစ်သွားသည် ။ သူနှင့်တော့ လမ်း တွဲမသွားရဲ ။ မိဘက ကျားကျားယားယားဖြစ်စေချင်သောကြောင့် မြတ်သီဟလို့ နာမည်ပေးထားကာမှ သူ့ကိုယ်သူ သီကလေ … သီကလေ နဲ့ ။ အဟုတ်ကြည့်မရဘူး ။
 
ခြောက်ခြင်ရင်လည်း မင်းမြတ်လို လူမသိ သူမသိ ခြောက်ပါလားလို့ ။ နော် … ။ နော်လို့ ။ ဟီး ။
 
ဟေ့ကောင် … မလိုက်ခဲ့နဲ့ … မင်းနဲ့ တွဲမသွားရဲဘူး …
 
အင်းပေါ့လေ … သီ့အလှတွေကို မနာလိုဖြစ်နေတာ သိသားပဲ …
 
အံမာ … လာလာ ချည်သေး … အခုက အဖေ့ Company ကိုသွားမှာ … ဟိုမှာ နင် ရှာချင်တဲ့ သူငယ်တွေ မရှိဘူး …
 
ဟီး … သူငယ် မရှိလည်း သူအိုပေါ့ … အဆိုတော နာမည်တောင် ရှိသေးတယ် မဟုတ်လား … သအို ဆိုတာလေ … ဟီး …
 
နှာဘူးမ …
 
ပြောမရ ဆိုမရမို့ မင်းမြတ် စိတ်လျှော့လိုက်ရသည် ။ ငါ့နှယ် ။ ညီလေး တစ်ယောက် ရပါတယ် ထင်ထားခဲ့တာ ။ အခုတော့ ညီမလေး ဖြစ်နေပြီ ။ ကိုယ်ကလည်း တော့ပ်ဆိုတော့ ကိုယ့်ညီကိုလည်း တော့ပ်ဖြစ်စေချင်တာပေါ့နော် ။ အယ် ။ ငါ ဘာတွေ ပြောနေပါလိမ့် ။ ဟိဟိ ။
 
******************************************************************
 
မြတ်သီဟ ပျော်သွားမိသည် ။ အခုမှ အပြင်ထွက်ရတော့မှာ ။ မဟုတ်ရင် မေမေက ပေးမထွက် ။ ကိုကိုပါမှ ပေးထွက်သည် ။ သီဟက လျှမ်းလို့တဲ့ ။ မေမေ့နှယ် ။ ကိုယ့်ဖင်ကို ကိုယ်ယုံလို့ လျှမ်းတာကို စိတ်ပူရန်ကော ။ သီဟက ပါကင်လေ ။ သိတယ် မဟုတ်လား ။ မသိလည်း နေပေါ့ ။
 
သည်နာမည်ကြီးကိုလည်း သီဟ မကြိုက်ပါဘူး ။ မြတ်သီဟတဲ့ ။ မသကာ ဂျူလီယာ သီဟ တို့ ၊ လူစီရာ သီဟ တို့ဆို တော်သေး ။ အခုတော့ မြတ်သီဟ ထဲက အလယ်အလုံးကိုပဲ ယူပြီး သီသီ ဆိုပြီး နာမည် ပြောင်းလိုက်ရတာပေါ့ ။ သိတယ် မဟုတ်လား ။ သီတို့က အလယ် အလုံးပဲ ကြိုက်တာလေ ။ အယ် ။ ငါ ဘာတွေ ပြောနေပါလိမ့် ။ ရှက်လိုက်တာ ။
 
ရှက်သွားသောကြောင့် မြတ်သီဟ မျက်နှာသည် ပန်းရောင်ပြေးယုံမကဘဲ အနီရောင်ပါ ပြောင်းသွားသည် ။ အဘယ်ကြောင့်ဆိုသော် နဂိုကတည်းက ပါးနီ ဆိုးထားသောကြောင့် ပန်းရောင်ထနေသော မျက်နှာသည် ရှက်သွားသောအခါ ထသော ပန်းရောင်နှင့် ပေါင်းပြီး နီသွားသောကြောင့် ဖြစ်လေသည် ။
 
******************************************************************
 
ကိုကို … မီးကို ချစ်လားဟင် …
 
ချစ်တာပေါ့ … မီးရယ် …
 
ဦးမြတ်သူရ ပန်းခြံထဲတွင် ရှယ်လီဆိုသော ကောင်မလေးနှင့် စကားထိုင်ပြောနေခြင်း ဖြစ်သည် ။ ရှယ်လီက လူသာငယ်သည် ။ အပြုအစု အယုအယက ရှယ် ။ ဒါကြောင့်လည်း ဦးသူရလို အဖိုးကြီး ကြွေနေရခြင်း ဖြစ်သည် ။
 
မီးဘေးရှောင် … မလောင်ခင်တားထား ကြပါ …
သူခိုး ဓါးပြထက် ဆိုတဲ့ ရန်သူဟာ မီးပါ …
 
ဘေးနာက ဖြတ်သွားသော မီးဘေး သတိပေးကားကိုပင် မမြင်နိုင်ကြအောင် မွှန်ထူနေကြလေသည် ။
 
ဦးက မီးရဲ့ ပထမဆုံး ချစ်သူ ဟုတ်ပါတယ်နော် … မီး …
 
သေချာတာပေါ့ … ဦးကလည်း … ဘာတွေ မေးနေမှန်း မသိဘူး … ဦးတို့ ယောက်ျားတွေဟာလေ … အမြဲတမ်း သည်မေးခွန်းကို မေးကြတာပဲ … မမေးတဲ့လူ တစ်ယောက်မှကို မရှိဘူး … အဟုတ် …
 
မီး အသံကလေး ညုတုတုကြောင့် ဦးခမျာ ဦး … မီး … ဦး … မီး နှင့် အီးမူးသလို အူလည်လည်ကြီး ဖြစ်သွားရပါတော့သည် ။
 
*******************************************************
 
Company ထဲကို ၀င်လာသော နှစ်ယောက်ကို ကြည့်ပြီး နေမင်းထိုက် မျက်လုံးပြူးသွားသည် ။ ဖင်သလူးခါနေပြီး လေဒီဂါဂါ စတိုင်နှင့်က တစ်ယောက် ။ ဘုရားဘုရား ။ သူ့ဘေးက ကောင်လေး စင်စင်လေး တစ်ယောက် ။ နှမြောစရာကြီးနော် ။ ဂလု ။ နေမင်းထိုက် နှမြောစွာဖြင့် တံတွေးကို မျိုလိုက်ရသည် ။
 
သြော် ။ ဓါတ်တူရှိရာ ဓါတ်တူလာစုတယ်ဆိုတာ ဒါမျိုး ဖြစ်မှာ ။ အခုလည်း ကြည့်လေ ။ နေမင်း ရှိရာကို ဆိုက်ဆိုက် မျိုက်မျိုက်ကို လာနေတာ ။
 
ဟိုင်း …
 
လေဒီဂါဂါနှင့် တူသော တစ်ယောက်က လက်ထောင်ပြပြီး နေမင်းကို နှုတ်ဆက်သည် ။ နေမင်းလည်း ရယ်ပြပြီး လက်ပြန်ထောင် ပြလိုက်သည် ။
 
ဟိုင်း …
 
ဟိုင်းဟိုင်း …
 
အဲ နောက်တစ်ခါ ။ နေမင်းလည်း ပြန်လက်ထောင်ပြလိုက်သည် ။
 
ဟိုင်းဟိုင်း …
 
ဟွန်း … သူ့ကိုယ်သူ စုမေများ မှတ်နေလား မသိဘူး …
 
အဲ ။ နေမင်းကို သက်သက်ကြီး ဆော်လိုက်သည် ။ လေဒီဂါဂါမ ။ တွေ့မယ် ။
 
သည်မှာ ရှောက်သီးဆေးပြား Import Export မလုပ်ဘူး ခင်ဗျ … နေရာမှားလာတာ ထင်တယ် …
 
အံမာ … လူကိုများ ရှောက်သီးဆေးပြားရောင်းတဲ့ အစားများ မှတ်နေလား … ငါတို့က ရှောက်သီးဆေးပြား ၀ယ်စားတိုင်း ကပြတဲ့ အစားထဲက မဟုတ်ဘူးဟဲ့ … နိုက်ကလက်မှာ ကတာ … မှတ်ထား …
 
ဟေ့ကောင် … သီဟ … ပါးစပ်ပိတ်ထား ... မင်း ဘယ်နေရာ ရောက်ရောက် ပြသနာ ရှာနေပါလား …
 
ဘေးနားက အစ်ကိုကြီးက ဟောက်လိုက်တော့မှ သီဟ ခေါ် လေဒီဂါဂါ ငြိမ်သွားသည် ။ ထို ဘေးနားက အတောင့်စင်က နေမင်းကို ပြုံးပြသည် ။ ဒါမျိုး ပြုံးရယ်လို့ကတော့ နေမင်းတို့က တစ်ညလုံး ကျုံးကွယ်  လို့တောင် ပြန်အော်လိုက်ချင်သေးသည် ။ ဟီး ။ အန်ဖတ်တွေ ပြောပါတယ် ။
 
အစ်ကို … ဘာကိစ်စ ရှိလို့ပါလဲ ခင်ဗျာ …
 
သိတယ် မဟုတ်လား ။ အချိုဆုံး အသံနဲ့ ၀င်လုံးလိုက်တာပေါ့ ။ ရသော်ရှိ မရသော်ရှိ ။
 
ငါ့ကျတော့ ၀ုန်းပြီး ငါ့အစ်ကိုကိုကျတော့ အစ်ကို ဘာကိစ်စရှိလို့ပါလဲ ခင်ဗျာတဲ့ … အသံကိုက အခြောက်မ ရေခဲရေ ထိတဲ့အသံနဲ့ … အသံကျုံ့ကျုံ့လေးဆိုတာ အဲ့အသံမျိုး …
 
အေးပေါ့ … နင်က ရေခဲရေ ထိဖူးတော့ သိမှာပေါ့ … ရေခဲတုံးတောင် အလွတ်မပေးတဲ့ဟာ …
 
****************************************************************
 
ဆောရီးပါ ညီ … အစ်ကို့ညီက သည်လိုပဲ … ဟေ့ကောင် … သီဟ ပါးစပ်ပိတ် … အစ်ကိုက သည်Company က ဦးမြတ်သူရရဲ့ သားပါ … ဒါက အစ်ကို့ညီ အငယ်ကောင်ပါ … အစ်ကိုက မြတ်မင်းကျော် … အသက်က ၂၃နှစ် … နေတာက တာမွေ …
 
အဲ ။ ဘာတွေ ပြောနေပါလိမ့် ။ ဒိတ်တင်တွေ့လျှင် ပြောသော စကားတွေနှင့် မှားပြီး မင်းမြတ် ပြောနေမိသည် ။ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရသည် ။ ဟီး ။ ငါ့နှယ်နော် ။
 
အစ်ကိုက ဖေဖေ့ကို လာတွေ့တာပါ … ဖေဖေ ဘယ်မှာလဲ မသိဘူး …
 
ဆရာ အပြင်ထွက်သွားပါတယ် အစ်ကို … ကျွန်တော်က သည်က ၀န်ထမ်းပါ … အသက်က ၂၁နှစ် … နာမည်က နေမင်းထိုက်ပါ … နေတာက ပုစွန်တောင်ပါ … ပြီးတော့….
 
အမလေး … မူးလိုက်တာ … မူးလိုက်တာ … အရေးထဲ ဒိတ်နေကြတယ်များ မှတ်နေလား မသိဘူး … ကိုကို … အဲ့ဟာကို ဖေဖေလာရင် အလုပ်ထုတ်ခိုင်းလိုက် … ရုပ်ကိုက ကဖူကဖဲ့ … အားကြီး သောက်မြင်ကတ်တယ် …
 
အရေးထဲ သီဟက ဂုဏ်ဆာနေသေးသည် ။ မြတ်မင်း စိတ်ညစ်သွားသည် ။ ဖေဖေ့ကို ဘယ်မှာ လိုက်ရှာရမှန်းမသိ ။
 
************************************************************
 
အိမ်သာတံခါးကို သီ ဂျက်ထိုးနေတာ တော်တော် ကြာနေပြီ ။ စိတ်တွေ တိုလာသည် ။ ဂျက်က ထိုးမရ ။ အိမ်သာအပြင်တွင် အစောင့်ဦးလေးကြီး တစ်ယောက် ရှိသည် ။ သီဟ အော်ခေါ်လိုက်သည် ။
 
ဦးလေး … လာပါဦး … သည်မှာ အိမ်သာ တံခါးက ဂျက်ထိုးလို့ မရဘူး …
 
ရပါတယ် တူလေးရဲ့ …
 
တကယ်မရတာ … ဦးလာထိုးပေး … ဂျက် …
 
ဂျက်ဆိုသော အသံကို တိုးတိုးလေးပြောပြီး ဦးလာထိုးပေးဟူသော အသံကို Company အပြင်ဘက်ကအထိ ကြားအောင် အော်ပေးလိုက်သည် ။ သိတယ် မဟုတ်လား ။ သီသီ့ အသံကို ဘယ်ယောက်ျားက ခံနိုင်မှာလဲ ။ ဟိဟိ ။
 
ဦးလေးကြီးက အိမ်သာနား ရောက်လာပြီး ဂျက်ကို ၀င်ထိုးကြည့်သည် ။ ကြည့်လိုက်တော့ ဘိုးတော်ကြီး ။ ဂွမ်းလိုက်တာ ။
 
အထဲဝင်ပြီး ထိုးပေးရမှာလားဟင် …
 
အီး … ။ သီဟ စအိုပါ တွန့်သွားသည် ။ အင်အင်း ပါချင်စိတ်တောင် ပျောက်သွားသည် ။ အဖိုးကြီးက အရေးထဲ ဇာတ်လမ်း လာလုပ်နေသေးသည် ။
 
အို … ရှုပ်ရှုပ်ယှက်ယှက်ကွယ် …
 
သီသီ ခေါင်းကို ချစ်စဖွယ် ခါလိုက်ပြီး အိမ်သာထဲက ထွက်လိုက်သည် ။ ဘေးဘက် အိမ်သာအခန်းထဲကို ပြောင်းတက်လိုက်ရသည် ။
 
ကိုကိုကတော့ ဟိုဟာမ နေမင်းထိုက်နှင့် စကားပြောနေသည် ထင်သည် ။ နေမင်းထိုက်ဆိုတဲ့ ဟာမကလည်း ကိုကို့ကိုကျတော့ ခွီလို့ ငါ့ကိုကျတော့ လာဝုန်းတယ် … ရုပ်ကိုက … သိသားပဲ … နင်လည်း သည်ပုပ်ထဲက သည်ပြဲပဲဟာ ။
 
*******************************************************************
 
မေမေ … ဖေဖေ သည်မှာ မရှိဘူး …
 
မြတ်မင်း ဖုန်းဆက်လိုက်တော့ မေမေ စိတ်ပူသွားသည် ထင်သည် ။
 
သားရယ် … တွေ့အောင်လိုက်ရှာစမ်းပါ …
 
ဟုတ်ကဲ့ မေမေ … သားလည်း ကြိုးစားနေပါတယ် … သား ကြိုးစားလိုက်ဦးမယ် … ဒါပဲနော် …
 
တကယ်တော့ မြတ်မင်း ကြိုးစားနေတာ နေမင်းထိုက်ကို ။ ဟီး ။ အရေးထဲ ဟို သီဟမကလည်း ကြာလိုက်တာ ။ အိမ်သာကြွေကမုတ်ခွက်ထဲများ ပြုတ်ကျသွားပြီလား မသိဘူး ။
 
နေမင်းထိုက်ကတော့ ပြုံးဖြဲဖြဲပေါ့ ။ သည်လို မျက်နှာလေးက ချစ်ဖို့ကောင်းတာ ။ အဲ့သည်လို မျက်နှာလေးကို….. ။ အီး … ။ စဉ်းစားရင်းနှင့်မှ လေလည်ချင်လာသည် ။ ဗိုက်ကလည်း ရစ်ချင်နေသည် ။
 
ခဏလေးနော် … ညီ … အစ်ကို အပြင်ခဏ ထွက်လိုက်ဦးမယ် …
 
အစ်ကို … ဘယ်သွားမလို့လဲ … ကျွန်တော်လည်း လိုက်ခဲ့မယ်လေ … ဆရာ့ကို ရှာမလို့ မဟုတ်လား …
 
ရပါတယ် … ဖေဖေက ဖုန်းမပါသွားဘူးဆိုတော့ ရှာရခက်မှာ … ညီ … သည်မှာနေခဲ့ …
 
ရပါတယ် … ကျွန်တော် ပါ ကူရှာပေးမယ်လေ … အရေးကြီးလို့ မဟုတ်လား …
 
အလိုက်ကန်းဆိုးမသိ ။ အခန်းထဲမှ အခန်းအပြင်ထွက်သည်ကို လိုက်လာသည် ။ မင်းမြတ် စိတ်ညစ်သွားသည် ။ သည်လိုလိုက်လာတော့ ဘယ်လို လေလည်တော့မှာလဲ … ။
 
ခပ်လှမ်းလှမ်းမှ ဘိုးတော်ကြီးတစ်ယောက် လမ်းလျှောက်လာသည် ။ ဗိုက်ပူပူ အသားမည်းမည်း ။ သည်ဦးလေးကြီးကို အသုံးချရမည် ။ ထိုဦးလေးကြီး ဘေးနားက ဖြတ်လျှောက်သွားမှ မင်းမြတ် အသံမကြားအောင် တိတ်တိတ်လေး လေလည်လိုက်ရသည် ။
 
နံလိုက်တာ ။ နံလိုက်တာ ။ ဘိုးတော်ကြီး နည်းနည်း ကျော်သွားတော့မှ မင်းမြတ် နေမင်းအနားကို နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်ရသည် ။
 
ဘိုးတော်ကြီးက အီးပေါက်သွားတယ် … ဆိုးလိုက်တာနော် …
 
ဟုတ်ပါ့အစ်ကိုရယ် … အပုပ်ကောင်ဆိုတာ အဲ့ဒါကို ပြောတာပေါ့ … တွေ့ကရာနေရာမှာ အီးပေါက်တာ တော်တော် ဖင်သရမ်းလို့ပဲ ဖြစ်မှာ …
 
နေမင်း ပြောတော့မှ မင်းမြတ် နည်းနည်း တွန့်သွားသည် ။ အော် ။ သူပြောတာက ဟိုဘိုးတော်ကြီးကိုပါ … ။ ဒါပေမယ့် လေလည်တာက မင်းမြတ်လေ ။ ဟီး ။ ကိုယ့်ကို ပြောသလိုပဲ ခံစားရတာပေါ့ … ။
 
Episode 2
 
ခဏနေတော့ သီ အိမ်သာထဲမှ ထွက်လာသည် ။ အပြင်က အစောင့်ဦးလေးကြီးက သီ့ကို ဇာတ်လမ်း လာလုပ်ချင်နေပုံရသည် ။ သီ စိတ်ညစ်လိုက်တာ မပြောနဲ့တော့ ။ သြော် ။ သည် ကဖူကဖဲ့နဲ့ ဇာတ်လမ်းဖြစ်မယ့်အစား အသေသာ ခံပစ်လိုက်မယ် ။ အဲ ။ အသေခံတာ ပြောတာနော် ။ ဟိ ။ ပြောမှ ပိုရှုပ်ကုန်ပြီ ။
 
တူလေး … အဆင်ပြေရဲ့လား …
 
ဗျာ … ဟုတ်ကဲ့ …
 
အဆင်မပြေရင် ဦးကို ပြောလေ …
 
ပြောနေရင်း သီ့နားကို ပိုကပ်လာသည် ။ သူ့သွားတွေကို ကြည့်လိုက်တော့လည်း ကွမ်းချိုးတွေ ။ မျက်နှာကလည်း အဆီတ၀င်းဝင်း ။ သီ စိတ်ညစ်သွားသည် ။ ဦးလေးကြီးကို ပြုံးပြပြီး မျက်နှာကို လက်ဖြင့် ပွတ်လိုက်သည် ။
 
သည်လိုလုပ်လိုက်တော့ သီ့အနားကို ပိုတိုးလားသည် ။ သီ့လက်က သူ့မျက်နှာဆီမှ လည်ပင်းဆီသို့ ပွတ်ဆွဲလိုက်သည် ။
 
နည်းနည်းတော့ အဆင်မပြေတာလေး ရှိတာပေါ့ … ဟဲဟဲ …
 
ပြောရင်း သီ့လက်က သူ့အင်္ကျီ ရင်ဘတ်နေရာကို ရောက်လာသည် ။
 
ပြောလေ … ဦး အဆင်ပြေအောင် လုပ်ပေးမယ် …
 
သီ လက်ခုံရော လက်ဖမိုးပါ ပြောင်အောင် သူ့အင်္ကျီတွင် သုတ်လိုက်သည် ။ ပြီးမှ ဦးလေးကြီးနား တိုးတိုးလေး ကပ်ပြီး ပြောလိုက်သည် ။
 
အိမ်သာထဲမှာ လက်ဆေးစရာ ဆပ်ပြာလည်း မရှိဘူး … ရေလည်း ကုန်နေတယ် … ပြီးတော့ လက်အခြောက်ခံတဲ့ စက်လည်း မရှိဘူး … ဒါပေမယ့် အခု အဆင်ပြေသွားပါပြီ … သုတ်ပြီးပြီဆိုတော့ …
 
သီ ချစ်စရာကောင်းအောင် မျက်လုံးမှိတ်ပြပြီး ပြန်ထွက်လာလိုက်သည် ။ ဘိုးတော်ကြီးတော့ ဂွမ်းပြီး ကျန်ခဲ့သည်။ ကျေနပ်တာ ။ ဒါမျိုးမှ ကျေနပ်တာ ။
 
***************************************************************
 
အိုပါး … စောင့်ဦးမှာလား …
 
ဟင့်အင်း … တော်ပြီ … ပြန်တော့မှာ …
 
သီဟ မေးလာသောကြောင့် မင်းမြတ် ပြန်ရန် မတ်တပ်ရပ်လိုက်သည်။ ဟုတ်သည်လေ ။ စောင့်နေရတာ တော်တော် ကြာနေပြီ ။ ဖေဖေမှ ပြန်မရောက်တာ ။ အိမ်ရောက်ရင်တော့ မေမေတော့ ပွါးတော့မည် ။
 
ညီ … နေမင်းထိုက် … အစ်ကို ပြန်တော့မယ် …
 
ကျွန်တော် လိုက်ပို့ပေးမယ်လေ …
 
နေမင်းထိုက်က လောကွတ်လုပ်တော့ ဘေးက သီဟက ၀င်ပြောသည် ။
 
နင်မပို့နဲ့ … နင့်ကို ငါ ပြန်ပို့ပေးရမလား …
 
အံမယ် … ပို့ရအောင် နင်က ဘာရိုးလ်လဲ … ငါက Ver ရိုးလ်လဲ …
 
ဟဲ့ … ငါက အင်္ဂန်စိန်ဟဲ့ … မှတ်ထား … အိုပါးလာ … အဲ့လို အောလီ အောလတ် အခြောက်မနဲ့ သဘောမတူနိုင်ဘူး …
 
အံမာ … သူက လာလာ ချည်သေး … သည်မှာ နေမင်းထိုက်တဲ့ကွ … တစ်ထိုက်တည်းရှိတယ် …
 
အံမာ … အရေးထဲ ဇွတ်ကြားမေ ပြဇာတ် လာကနေသေးတယ် … Company မှာ မို့လို့ပေါ့ … ပြောလိုက်ချင်ဘူး …
 
ကြားထဲက မင်းမြတ်ကပင် ပြသနာကို ၀င် ဖြန်ဖြေပေးရသည် ။
 
ကဲ … ကဲ … တော်ကြစမ်းပါတော့ကွာ … သီဟ … ပြသနာ မရှာနဲ့ …
 
အမလေး … အခုတော့ သူ့ဟာထိတော့ ကိုယ့်ညီတောင် ကိုယ် ပြန်အော်ပြီပေါ့ … ဟုတ်လား …
 
အစ်ကို ဖုန်းဆက်လိုက်မယ်နော် … ညီ … အစ်ကို သွားပြီ …
 
မြတ်မင်း မသွားခင် နည်းနည်းတော့ ကြူကြူစိန်လိုက်သေးသည် ။ ပြီးမှ ဆောင့်ဆောင့်ဆောင့်ဆောင့်ဖြင့် ထွက်သွားသော သီဟကို ကြည့်ပြီး မြတ်မင်း သက်ပြင်းသာ ချလိုက်ရသည် ။ သည်ကောင့်ကို ယောက်ျားလို ပြုမူ နေထိုင်အောင် ဘယ်လို သင်ပေးရမှာပါလိမ့် ။ နေမင်းထိုက်က ခြောက်သာခြောက်သည် ။ မြတ်မင်းလို ပုံစံမျိုးပဲ ဖြစ်သည် ။ ကြည့်ရုံနှင့် ဘယ်သူမှ မသိနိုင် ။ သီဟကသာ အဝေးက မြင်ရုံနှင့် သိသာနေသည် ။ ဟူး ………………………… ။
 
****************************************************************
 
ရှင် … ဘယ်က ပြန်လာတာလဲ … ပြော …
 
ရုံးကပါ … မိန်းမရယ် …
 
ကျွန်မကို လာလိမ်မနေနဲ့ … ကျွန်မ သားတွေ သည်နေ့ ရှင့်ရုံးကို လာချောင်းခိုင်းထားတာ … အမလေး … ကြည့်ပါဦး … တစ်ကိုယ်လုံးလည်း ရေမွှေး အနံ့တွေချည်းပါပဲလား …
 
အဲ့ဒါ တခြား Company က ရေမွှေး ပရိုမိုးရှင်း လုပ်ပြီး ဆွတ်ပေးသွားတာပါကွာ …
 
ရှင် လိမ်မနေနဲ့ ...
 
ဟာ … တကယ်ပါ … ငါ မလိမ်ပါဘူး မိန်းမရ … ဘယ်ကောင်မလေးနဲ့ ငါက ဖက်ခဲ့လို့ သူ့ကိုယ်က ရေမွှေးနံ့က ငါ့ကို လာစွဲရမှာလဲ …
 
အမလေး … ပြောပုံက တကယ်ဖက်ခဲ့သလိုပါပဲလား … ပြောစမ်းပါဦး … ရေမွှေးတံဆိပ် …
 
ဟီး … ငါ မင်း သ၀န်တိုမှာစိုးလို့ ရေမွှေးတံဆိပ် မကြည့်ခဲ့ဘူး …
 
ဘာ … ဘာဆိုင်လို့လဲ ရှင့် …
 
ရေမွှေးပုလင်းနာမည်ဖတ်ဖို့ကြည့်လိုက်တော့ ကြော်ငြာထဲက ကောင်မလေးက အပေါ်တစ်ပိုင်းကို အကုန်ချွတ်ထားပြီး အောက်ပိုင်းကို ရေမွှေးပုလင်းကြီး အကြီးကြီးနဲ့ ဖုံးထားတာ … ငါ သေချာ လိုက်ဖတ်ကြည့်ရင် မမြင်သင့်တာတွေ မြင်ကုန်မှာ စိုးလို့ …
 
အမလေး … အမလေး … အဲ့ဒါ စိတ်နာတာ … သိသိကြီးနဲ့ အလိမ်ခံရလို့ကို စိတ်နာတာ …
 
ဒေါ်သက်ထား အော်လည်း အော် … ဒေါသလည်း ထွက်ဖြင့် ခုန်ဆွ ခုန်ဆွ ဖြစ်နေတော့သည် ။
 
**********************************************************
 
သားက ဒုက်ခပေးလိုက် … ဖအေက ဒုက်ခ ပေးလိုက်နဲ့ … ငါလည်း သေချင်တော့တာပဲ … ဟဲ့ … မြတ်သီဟ …
 
သီဟ မေမေ့ ခေါ်သံကြားသောကြောင့် ဖင်ကလေး လိမ်ဖယ် လိမ်ဖယ် လုပ်ကာ အပြေးထွက်လာမိသည် ။
 
နင့်ကို သည်မှာ လာတိုင်ထားတယ် … လာစမ်း … နင် ဟိုဘက်လမ်းက ကောင်မလေးတွေကို ခွေးလယားသီးနဲ့ သုတ်ခဲ့တယ်ဆို …
 
ဟုတ်တယ် … ဘာဖြစ်လဲ …
 
အမလေး … ဘာဖြစ်လဲ ဟုတ်လား … နင့်မှာ အပြစ်ရှိလား … မရှိဘူးလား … ပြော …
 
မရှိပါဘူး …
 
သီဟ ဆံပင်ကို ဟိုဘက်သည်ဘက် ခါရမ်းလိုက်ပြီးပြော လိုက်သည် ။
 
ဘာလို့ မရှိတာလဲ … နင် လုပ်တာ ဟုတ်မှ မဟုတ်တာ …
 
မေမေကလည်း … သားကိုပဲပြောနေတာပဲ … သားကို သူတို့က အရင်လာစတာလေ … ဘာတဲ့ သားကို တွေ့တာနဲ့ အချင်းချင်း လက်တို့ပြီး အယားမ … အယားမ နဲ့ … အဲ့တာ သူတို့တွေကို အယားမဖြစ်အောင် သူတို့ထိုင်မယ့်ခုံမှာ ခွေးလယားသီး သုတ်ခဲ့တာ …
 
မြတ်သီဟ …
 
ဒေါ်သက်ထား အော်လိုက်သော အသံကြောင့် သီဟ ဖင်တွန့်သွားသည် ။ မေမေကလည်းနော် ။ မိန်းမသားချင်း မစာမနာ ။ သီဟက အသည်းငယ်ပါသဘိနဲ့ ။ ဘာမှန်းကို မသိဘူး ။
 
************************************************************
 
ငါ … ငါလေ … သူ့ကို ချစ်မိနေပြီ ထင်တယ်ဟာ …
 
ဖြူပွင့်လွှာ ပြောစကားကြောင့် သူမ သူငယ်ချင်းတွေ အားလုံး မျက်လုံးပြူးသွားကြသည် ။ ပြီးတော့ ပြိုင်တူ မေးလိုက်သည် ။
 
အဲ့ … အဲ့ခြောက်မကြီးကို …
 
နင်တို့ကလည်းဟယ် … သူက နည်းနည်းလေး ပျော့တာပါ …
 
ဟဲ့ … ပျော့နေတော့ ဘာသုံးစားလို့ ရမလဲဟဲ့ … မာမှ ကောင်းတာပေါ့ … အဲလေ … ငါလည်း ဘာတွေ ပြောနေမိမှန်းကို မသိတော့ဘူး …
 
နင်တို့ကလည်း မပြောပါနဲ့ဟာ …သူက အစ်ကိုနဲ့ပဲနေရလို့ နည်းနည်း နွဲ့သွားတာပါ …
 
အမလေးဟယ် … အမတွေနဲ့ နေရလို့ နွဲ့တယ်ပဲ ကြားဖူးပါတယ် … ဘယ့်နှယ့် အစ်ကိုနဲ့ နေရလို့ နွဲ့ရတယ်လို့ … ငါတို့ တစ်ခါမှ မကြားဖူးပေါင် …
 
နောက် သူငယ်ချင်းတစ်ယောက်ကလည်း ၀င်ပြောပြန်သည် ။
 
အေး … ဟုတ်တယ် … ဟိုတစ်ခါကလည်း ငါနဲ့ချယ်ရီနဲ့ကို ထိုင်ခုံမှာ ခွေးလယားသီးသုတ်ပြီး ယားအောင် လုပ်သွားတာ သူပဲ … ငါဖြင့် အဲ့နေ့က ဖင်ယားသွားတာကို အခုထိမမေ့သေးဘူး …
 
ဟဲ့ … နင်ကလည်း … ဘာတွေ ပြောနေတာလဲ … နင်တို့က သူ့ကို မခံချင်အောင် သွားစတာကိုး …
 
အမလေး … မခံချင်အောင် စတယ် မလုပ်နေနဲ့ … သူက ခံချင်လွန်းလို့ ဟိုဘက်တောင် ရောက်နေသေးတာ … နင့်ထက်တောင် မြတ်သီဟက နွဲ့နေသေးတယ် … မိန်းကလေးတွေ ရမ်းတယ်ဆိုတာ သူ အိပ်နေသလောက်ဘဲ ရှိတာ …
 
ဖြူပွင့်လွှာ ခေါင်းလေးကိုသာ အသာရမ်းလိုက်သည် ။
 
ငါ ဘာပဲဖြစ်ဖြစ် ရအောင် ကြိုးစားမှာပါ … နင်တို့ စောင့်ကြည့်နေပေါ့ … မြတ်သီဟ ငါ့ကို လုံးဝ ချစ်လာစေရမယ် …
 
***********************************************************
 
ကော်ဖီဆိုင်တွင် နေမင်းထိုက်နှင့် ချိန်းထားသောကြောင့် မင်းမြတ်ထိုင်စောင့်နေမိသည် ။ မြတ်သီဟ ဘေးက အတင်းကပ်လိုက်လာသောကြောင့် မင်းမြတ် စိတ်ညစ်နေမိသည် ။ ပြီးလျှင် နေမင်းထိုက်နှင့် စွာတာတာ ရန်ဖြစ်ဦးမည် ။ ဒါပဲ မဟုတ်လား ။ သည်ညီတစ်ယောက်ကိုတော့ မင်းမြတ် မထိန်းနိုင် ။
 
အခု ချိန်းထားချိန်ထက် စောနေသေးသောကြောင့် မင်းမြတ် ထိုင်စောင့်နေသည် ။ သီဟကတော့ ကော်ဖီဆိုင်ထဲမှ ထိုင်ပြီး ဆိုင်အပြင်နားမှ ဖြတ်သွားသော ယောက်ျားမှန်သမျှကို ခေါ်တောတစ်ထောင်အားဖြင့်  လိုက်ရှိုးနေလေသည် ။
 
ကိုကို … ဟိုတစ်ယောက်က စင်တယ်နော် …
 
ဘာစင်တာလဲ … ဗွက်စင်တာလား … ဟုတ်လား …
 
မင်းမြတ် မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည် ။ စင်တယ်ဆိုတာလောက်များ ။ သိတာပေါ့ ။ မင်းမြတ်လည်း ညီအရှေ့မှာဆိုတော့ အိပ်ချင်ယောင် ဆောင်နေလိုက်ရသည် ။
 
ချောတာကို ပြောတာ အိုပါးရဲ့ … ဒါလေးတောင် မသိဘူး …
 
ဟီး … လိတ်တောင် လိတ်ပေးချင်တယ် …
 
ဟဲ့ကောင် … လုပ်ပြန်ပြီ … ဘာလိတ်တာလဲ …
 
မင်းမြတ် ရူးချင်ယောင်ဆောင်ပြီး ထပ်မေးလိုက်သည် ။ ဒါလောက်များ သိတာပေါ့ ။ မင်းမြတ် တက်နေတဲ့ သင်တန်းက အခြောက်မ တစ်ယောက်က မင်းမြတ်ကို နေ့တိုင်း လိတ်ချင်တယ်ဆိုပြီး အထာလာပေးနေတာ ။ သည်လောက်တော့ သိတာပေါ့ ။ မိကျောင်းမင်း ရေကင်းပြ ။ နွားသိုး အ _ိုး သင် တယ်ဆိုတာ ဒါမျိုးပေါ့ ။ အစ်ကိုထက် ညီက တစ်လကြီးချင်နေသေး ။ ဟီး ။
 
ဟာ … ဒါတော့ အိုပါးကို မပြောတော့ဘူး … ဒါ သီတို့တွေရဲ့ ဘာသာစကား …
 
အမလေးဗျာ ။ သူတို့ ဘာသာစကားပဲ ဖြစ်ရသေးတယ် ။ ငါနဲ့လည်း ဆိုင်ပါတယ်ဟု မင်းမြတ် စိတ်ထဲက ပြောပစ်လိုက်သည် ။
 
ဟယ် … ဟိုတစ်ယောက်က ကလေးအဆင်လေး … မျက်နှာလေးက နုဖတ်နေတာပဲ … အင်္ဂန်တောင် ပို့ချင်သေးတယ် …
 
အဲ ။ မင်းမြတ် သောက်လက်စ ကော်ဖီပင် သီးချင်သွားသည် ။ သူလို နွဲ့ဖတ်ဖတ်က အင်္ဂလန် ပို့ဦးမည်တဲ့ ။ ဒါဖြင့် သင်တန်းက အခြောက်မကိုလည်း မင်းမြတ် သတိထားရတော့မည် ။ သည်ခေတ်မှာလည်း အင်္ဂလန်တွေ သိပ်ပေါနေတယ်ကြားသည် ။ ဘုရား ဘုရား ။
 
***************************************************************************
 
နေမင်းထိုက်ရောက်လာတော့ ဘေးနားတွင် မြတ်သီဟကို တွေ့လိုက်ရတော့ စိတ်ညစ်သွားသည် ။ သွားပြီ ။ သည်ဟာမ ပါရင် ဘယ်မှာ ပျော်စရာ ကောင်းတော့မှာလဲ ။
 
ညီ … လာပြီလား … အစ်ကိုတို့ ရုပ်ရှင်သွားကြည့်ကြမယ်လေ …
 
ဟင် … ဟို မြတ်သီဟပါ ပါမှာလား …
 
အင်း … ပါမှာ … ဒါပေမယ့် စိတ်မပူနဲ့ညီ … အစ်ကို့ကို သူ ကတိပေးထားတယ် … ညီနဲ့ ရန်ဖြစ်ရင် နောက်တစ်ခါ ဘယ်သွားသွား မလိုက်တော့ပါဘူးဆိုပြီး …
 
သည်လိုဆိုတော့လည်း နောက်တစ်ခါ အဲ့ဟာ မလိုက်ရအောင် ရန်ဖြစ်ပစ်လိုက်ရဦးမည်ဟု မင်းမြတ် စိတ်ထဲက ကြိတ်တွေးလိုက်ရသေးသည် ။ သည်လိုနှင့် ရုပ်ရှင်ရုံထဲသို့ ရောက်လာမိသည် ။
 
အိုပါးရေ … ဟိုမှာ စာတွေ ချိတ်ထားတယ်နော် … No Smoking တဲ့ … မမှုတ်ရတဲ့ … သိလား … အိုပါးနားမှာ မှုတ်မယ့်လူတွေ ဘာတွေ ပါလာရင် သတိပေးထားဦးနော် …
 
အဲ ။  နေမင်းထိုက် ဘုကြည့်ကြည့်ပေးလိုက်သည် ။ သည်သီဟမ ။ ငါ့ကို လာလာစောင်းပြောနေတယ် ။ သိသားပဲ ။ ဒင်း စကား အသွားအလာကို ။ ဒါပေမယ့် ကိုမင်းမြတ် ဘေးတွင် ပါလာသောကြောင့် စိတ်လျှော့လိုက်ရသည် ။
 
ရုပ်ရှင် စပြတော့ ကိုမင်းမြတ်က နေမင်းလက်ကို လာကိုင်သည် ။ နေမင်း ရှက်နေမိသည် ။ တဖြည်းဖြည်း ကိုမင်းမြတ် လက်က ပိုမိုရဲတင်းလာသည် ။ နေမင်း ပုခုံးကို လာဖက်ထားသည် ။ ရုပ်ရှင်ရုံက အေးနေသောကြောင့် နေမင်း တဖြည်းဖြည်း ကိုမင်းမြတ် ရင်ခွင်နားကို တိုးလာသည် ။ ကိုမင်းမြတ်က နေမင်းလက်ကို ကိုင်ပြီး ဇစ်တစ်ခုအပေါ်တွင် ချပေးလိုက်သည် ။
 
ဘုရား ဘုရား ။ နေမင်း လက်တွေ တုန်လာသည် ။ ဇစ်ကို ဖြေးဖြေးချင်း ဆွဲချလိုက်သည် ။ ရင်တွေလည်း တဒိတ်ဒိတ် ခုန်နေသည် ။
 
ညီ … တစ်ရှူးယူမလား …
 
အယ် ။ ဘာတွေ မေးနေပါလိမ့် ။ ဟိုတစ်နေ့ကမှ နေမင်း ကြည့်ထားသော အခွေကို ပြန်သတိရသည် ။ ရဲလေးလေ ။ တစ်ရှူးတွေအများကြီးယူပြီးတော့လေ ။ ဟီး ။ (ဒါဖတ်တဲ့လူတွေလည်း အဲ့ဒါကို ကြည့်ဖူးကြမှာပေါ့) ။
 
ဟာ … တစ်ရှူးက ဘာလုပ်ဖို့လဲ … အစ်ကိုကလည်း …
 
မသိဘူးလေ … တစ်ရှူးယူမလို့ ဇစ်ဖွင့်နေတာထင်လို့ …
 
နေမင်း ကြည့်လိုက်တော့ နေမင်း ဖွင့်နေတာ ဘောင်းဘီဇစ်မှ မဟုတ်ဘဲ ။ ကိုမင်းမြတ် ကျောပိုးအိတ်က ဇစ်ကြီး ။ ဂွမ်းပြီ။ ခပ်ရှက်ရှက်နှင့် လက်ကို ရုတ်ပြီး တစ်ရှူးတောင်းလိုက်ရသည် ။ နေမင်း ရှက်လိုက်တာနော် ။
 
*********************************************************
 
သားရေ … သားညီကို ဆုံးမစမ်းပါဦးကွယ် …
 
ဗျာ … ဘာဖြစ်လို့လဲ မေမေရဲ့ …
 
နင့်ညီ သည်လောက်နွဲ့နေတာ … နင်လည်း အစ်ကိုတစ်ယောက်အနေနဲ့ နဲနဲ ဆုံးမသင့်တာပေါ့ …
 
မေမေ ပြောလိုက်တော့မှ မင်းမြတ်တွေးမိသည် ။ ဒါပေမယ့် မင်းမြတ် ဆုံးမလည်း ရမည့်ပုံ မပေါ် ။ သီဟက လုပ်ချင်ရာလုပ်သည့်ကောင် ။ မင်းမြတ် ဆုံးမလည်း မရ ။
 
အဲ့ဒါကြောင့်မို့ ထင်တော့ ထင်ပါတယ် သားရယ် … မေမေ အိပ်မက် မက်သေးတယ် … သူ့ကိုယ်ဝန်ရှိတုန်းက … အခြောက်မ တစ်အုပ်ရောက်လာတယ်တဲ့ … မေမေလည်း ရှောက်သီးဆေးပြား သူတို့ဆီက ၀ယ်စားမိလိုက်တယ်တဲ့ … မွေးလာတော့ သည်လို ခြောက်ခြောက်လေး မွေးလာပါလေရောလား  …
 
သြော် ။ လက်စသတ်တော့ သီဟက သည်လို အခြောက်မ နိမိတ်အိပ်မက်ကို မက်ပြီး မွေးလာတဲ့ ဘုန်းရှင်ကံရှင် အခြောက်မပါလား ။ မင်းမြတ် စဉ်းစားနေတုန်း မေမေထပ်ပြောလိုက်သော စကားကြောင့် မင်းမြတ်ပါ ဖင်တွန့်သွားရသည် ။
 
အင်း … သားကိုယ်ဝန် ရှိတုန်းကလည်း သည်လို အိပ်မက် မက်တာပါပဲကွယ် … သားတုန်းက ရှောက်သီးဆေးပြား တစ်ထုပ်ပြီး စားမိပြီး သူတုန်းကကျတော့ နှစ်ထုပ် စားမိလိုက်လို့လား မသိပါဘူး …
 
သြော် ။ မင်းမြတ် ။ မင်းမြတ် ။ ဂုဏ်ယူလိုက်စမ်းပါဟ ။ သူများတွေက အမေမွေးကတည်းက ခြောက်တာ ။ မင်းတို့ညီအစ်ကို နှစ်ယောက်က ဗိုက်ထဲမှာတည်းက ခြောက်နေကြတာ ဆိုတော့လေ ။
 
Episode 3
 
သည်နေ့ တက်ကသိုလ် တက်ရတာ ပထမဆုံးနေ့မို့ သီ ပျော်နေမိသည် ။ သြော် ။ လွတ်လပ်ပြီ ။ လွတ်လပ်ပြီ ။ အရင်က အမေက အိမ်ထဲကကို အိမ်ပြင် ပေးမထွက်တာ ။ အခုတော့ ကျောင်းသွားမယ်ဆိုပြီး လစ်လို့ရပြီပေါ့ ။ ဟီး ။ တက်ကသိုလ် ကျောင်းသူလေး ဖြစ်သွားပြီမို့ အချစ်ရဲ့ကျောင်းသူလေး သီချင်းကို မမတင်ဇာမော် စတိုင်နဲ့ ဆိုပြီး ကျောပိုးအိတ်လေးကို ကျစ်ကျစ်ဆုပ်ပြီး ကျောင်းကို တစ်လှမ်းချင်း လှမ်းလာခဲ့လိုက်သည် ။
 
ကောင်လေးတွေ ကောင်လေးတွေဆိုတာ … စင်ချက် ။ သီ့ရင်ထဲ ကုလားမီးနင်းသလို ပျော်နေမိသည် ။ ဆယ်တန်းထဲက ကျောင်းတွင် ခွီဖော်ခွီဖက်များဖြစ်သော သန့်စင် ခေါ် မိသန့် နှင့် အောင်မြတ်ခေါ် မိမြတ် တို့နှင့် တူတူ တက်ရမည်ဖြစ်သောကြောင့် ပျော်နေမိသည် ။ သီတို့အဖွဲ့က အချင်းချင်းတွေ့တော့သာ ခွီကြ ၊ ပွင့်ကြတာ ။ ဘေးမှာ လူတွေရှိရင်တော့ ဟေ့ကောင် သားကြီး မင်းက ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ ။ လူတွေ မရှိတော့လည်း ဟဲ့ကောင်မ … ညည်းဟာလေ … စသည်ဖြင့်ပေါ့ ။ ပုတ်သင်ညိုမတွေလေ ။ ပတ်ဝန်းကျင်ကို လိုက်ပြီး ဇွတ်ကျားနေရတာ ။
 
ဟေ့ကောင် … သားကြီး ငသန့် …
 
သီဟ ပါးစပ်က အဲ့လို ခေါ်လိုက်ပေမယ့် စိတ်ထဲကတော့ မိသန့်ရေဟုသာ ခေါ်လိုက်သည် ။
 
အာ … အေး … သားကြီး သီဟ … မင်းက ဘယ်က စော်ကြောင်ပြီး ပြန်လာတာလဲကွ …
 
ဟိ ။ သီဟ စိတ်ထဲက ကျိတ်ရယ်လိုက်သည် ။ ဘယ်စော်ကို ကြောင်ရမလဲ ။ အင်း ။ ပုလင်းကွဲတွေတော့ ရှကုန်တော့မှာပဲ ။ အာရှမယ် သီသီ ဖြစ်နေပါဦးမယ် ။ ခွိ ။ သန့်စင်ဘေးနားကို ကပ်ပြီး သီ တိုးတိုးလေး ပြောလိုက်သည် ။
 
ဟဲ့ကောင်မ … သိပ်ကျားမနေနဲ့ … ငံပြာရည်တွေ ကျုပ်တို့အပေါ် လာမှောက်မှ ခက်နေမယ် …
 
ကောင်မကလည်းဟယ် … စပေါ်လာကပ်တော့လည်း ပြန်ချေလိုက်ပေါ့ဟ … နင့်မလည်း မဟုတ်တာ တွေးပူနေသေးတယ် …
 
ပြီးတော့ နှစ်ယောက်သား ခေါင်းချင်း ပြန်ခွါလိုက်သည် ။ ကျားကျားယားယားဟန်ဆောင်လိုက်သည် ။ ကျားကျားကတော့ ဟုတ်သည် ။ အနောက်က ယားယားကတော့ ။ ဟီး ။ ဒါပေမယ့်လည်း ကျောင်းထဲမှာတော့ သီဟ မပွင့်ရဲပါဘူး ။ အရင်ကလည်း ဆယ်တန်း ဖြေပြီးစမို့ အစ်ကိုနဲ့ အပြင်သွားတုန်းပွင့်တာ ။ အခုက ဆေးကျောင်းဆိုတော့ ပွင့်ရင် သိပ်မကောင်းဘူးလေ ။
 
ဒါပေမယ့်လည်း ကိုယ်တွေကသာ ထိန်းနေတာပါ ။ ကျောင်းမှာ ဆေးခြောက်တွေမှ အများကြီး ။ ဆေးခြောက်ဆိုတာ ဆေးကျောင်းက အခြောက်မတွေကို ပြောတာပေါ့ ။ ဟီး ။ သီလည်း ပါတာပေါ့ နော်လို့ ။
 
သားကြီး … အောင်မြတ် မလာသေးဘူးလားကွ …
 
သြော် … အေး … သည်ကောင် သူ့ဆော်ကို ကျောင်းလိုက်ပို့မလို့တဲ့ … ခဏနေမှ လာလိမ့်မယ် …
 
သီ သန့်စင်အနားကို ပြန်ကပ်ပြီး တိုးတိုးလေး မေးလိုက်သည် ။
 
ဟို သူ့ဘဲကျောင်းမှာ သွားလျှမ်းတာ မဟုတ်လား …
 
ကမကလည်း … မသိတာလည်း မဟုတ်ဘူး … လာမေးနေသေးတယ် …
 
အေးကွာ … သည်ကောင်ကြီးက စော်ငမ်းရမယ်ဆို တကယ် ပထမပဲ … ငါတို့စော်ကြောင်ဖို့လည်း ချန်ထားခိုင်းရဦးမယ် …
 
အာလုပ်သံကြီးနှင့် အသံကျယ်ကျယ် လုပ်ပြောလိုက်သည် ။ ဘေးဘက်ဝိုင်းက ဘဲတွေက လှမ်းရှိုးသည် ။ ဟီး ။ ပျော်လိုက်တာ ။ မပြောနဲ့တော့ ။ သီ့ခမျာ ပီတိတွေဖြာပြီး အီအီးတွေ ပါကုန်မိတော့မယ် ။
 
အဲ ။ ဟိုဘက် မလှမ်းမကမ်းက ကောင်မလေးက သီ့ကို ရှိုးနေတာပါလား ။ အဲ ။ ပြုံးလို့ ။ မျက်နှာကိုက ။ ဘုရားဘုရား ။ သီ ကြည့်လိုက်တော့ ရှက်ကိုးရှက်ကန်းလေး ပြုံးပြတယ် ။ သီ မျက်လုံး ပြူးပြီး ကြည့်ပေးလိုက်တယ် ။ ဒါကိုလည်း သူ့ပုံက မှုတဲ့ပုံ မပေါ်ဘူး ။ သူ့ကို စနေတယ်များ မှတ်နေလား မသိဘူး ။ ပြန်ပြုံးပြတယ် ။
 
သည် စပေါ်မက ချယ်ရီတို့ အဖွဲ့ထဲက မဟုတ်လား ။ အာ ။ ဟုတ်တာပေါ့ ။ သီ မှတ်မိတယ် ။ သီတို့ တစ်လမ်းကျော်မှာ နေတာ ။ သည် စပေါ်မ ။ နေ့ခင်းကြောင်တောင် ငါ့များ လာဖြိုချင်နေသေးတယ် ။ ငါတို့က ငံပြာရည်ဆို မုန်းလွန်းလို့ ဟင်းချက်ရင်တောင် ဆားပဲထည့်ချက်တာ ။ သိလား ။
 
အဲ ။ ကြည့်နေတုန်းပါလား ။ သီဟ သည်လိုကြီး တစ်ချိန်လုံးကြည့်နေတာကို မနေတတ်ပါဘူး ။ ဘယ်ရမလဲ ။ အခြောက်မှန်းသိအောင် အမောက်ထောင်ပြလိုက်မှာပေါ့ ။ ဟွန်း ။ သီလည်း အဲ့သည့် စပေါ်မကို မျက်စောင်းထိုးပေးလိုက်ပါတယ် ။ ပြီးတော့ နှုတ်ခမ်းရွဲ့ပြပြီး တစ်ဖက်ကို လှည့်လိုက်ပါတယ် ။ စပေါ်မတော့ ဘယ်လို ဖြစ်ကျန်မယ် မသိ ။ ဟီး ။ သိတို့က အဲ့လို ပြန်ချေပစ်လိုက်တာ ။ ပြီးတော့ ယောက်ျားသံကြီးနဲ့ မိသန့်ကို ခေါ်လိုက်တာပေါ့ ။
 
သားကြီး … လာ … သွားရအောင် … ငါဆော်နဲ့ ချိန်းထားသေးတယ်ကွ …
 
ဟီး ။ လူတွေ ကြားအောင် ကျယ်ကျယ်လေး အော်ပေးလိုက်တာ ။ ဒါမှ နောက်ကျရင် ကျောင်းက သူငယ်တွေကို ဖြိုလို့ရမှာလေ ။ အမလေး ။ တစ်ချို့များတော့ သီ ဖြိုစရာတောင် မလိုပါဘူး ။ သူ့ဟာသူ ပြိုပျက်နေတာတွေမှ အများကြီး ။
 
*******************************************************************
 
မင်းမြတ် Company ပိုင်ရှင်အရှေ့တွင် မတ်တပ်ရပ်ကာ ပိုင်ရှင် ပြောနေသည်ကို နားထောင်နေရသည် ။
 
မောင်မင်းမြတ်ကျော် … မင်းဟာ Company ကို အောက်ခြေ ၀န်ထမ်းအဖြစ်နဲ့ ရောက်လာခဲ့တာ … နှစ်ရက်အကြာမှာ မင်းဟာ အဖွဲ့မှူး ဖြစ်လာခဲ့တယ် … ငါးရက်အကြာမှာ ဌာနမှူး ဖြစ်လာခဲ့တယ် … တစ်ပတ်အကြာမှာ မန်နေဂျာဖြစ်လာခဲ့တယ် … ကိုးရက်အကြာမှာတော့ မန်နေဂျင်း ဖြစ်လာခဲ့ပြီ … မင်း သိပ်တော်တယ် ငါ့သား …
 
မင်းမြတ် ဖေဖေပြောတာတွေ နားထောင်ပြီး ကိုယ့်ကိုယ်ကိုတောင် နည်းနည်းမြောက်ချင်သွားသည် ။ ဟုတ်တာပေါ့ ။ မင်းမြတ် တော်လို့သာ အောက်ခြေ၀န်ထမ်းကနေ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်လာတာ မဟုတ်ဘူးလား ။ ဟီး ။ တော်လိုက်တာနော် ။ ဘယ်သူပြောတာလဲ ။ အဖေပြောတာပေါ့ ။
 
ဘာပဲဖြစ်ဖြစ် နေမင်းထိုက်နဲ့ အလုပ်တူတူ လုပ်ရတာဆိုတော့ ပိုပျော်တာပေါ့ ။ ဟုတ်ဘူးလား ။ နေမင်းထိုက်ကိုပဲ အတွင်းရေးမှူးခန့်ရ ကောင်းမလား မသိတော့ပါဘူး ။ အင်းလေ ။ မန်နေဂျင်းဆိုတော့ အတွင်းရေးမှူးလိုတာပေါ့ ။ မနက်ဖြန် ဖေဖေ့ကို တောင်းဆိုကြည့်ရင် ကောင်းမလား မသိဘူး ။
 
ခဏနေတော့ မင်းမြတ် အိမ်သာ တက်ချင်လာသည် ။ သြော် ။ ငါ့နှယ် ။ ဗိုက်က ရစ်လိုက်တာ ။ ကိုယ့်ရာထူးကို ကိုယ်ငဲ့ပြီး အီးလည်း အကျယ်ကြီး မပေါက်ရဲဘူးလေ ။ အခန်းထဲမှာ ၀န်ထမ်းက လေးယောက် ရှိတယ် ။ အပြင်ထွက်မယ် လုပ်ပြီး မတ်တပ်ရပ်လိုက်မှ အီးက အလိုလို ပေါက်မိလျက်သား ဖြစ်သွားပါရော ။ နံလိုက်တာ ။ ဒါပေမယ့် ဘယ်ရမလဲ ။ ငါလူကြီးပဲ ။ ငှဲငှဲ ။ ပိတ်ဟောက်လိုက်တာပေါ့ ။
 
ဘယ်သူ လေလည်တာလဲကွ … ဒါမင်းတို့အိမ်မဟုတ်ဘူး … နားလည်လား … အချိုးကို မပြေကြဘူး … လူကြီးကို လေးစားရမှန်းမသိဘူး …
 
ဘယ်ရမလဲ ။ ကျော်ဟိန်းစတိုင်လ်နဲ့ပြောပြီး ထွက်လာလိုက်တာပေါ့ ။ ပြီးတော့မှ တန်းပြေးတော့တာပဲ ။ အိမ်သာဆီကို ။
 
******************************************************************
 
ဟေ့လူ … နေကောင်းလား …
 
ဟိုဘက် အိမ်သာက လှမ်းမေးလိုက်သံကြောင့် မင်းမြတ် နည်းနည်း ကြောင်သွားမိသည် ။ ဘယ်လိုလူပါလိမ့် အိမ်သာတက်တာ နေကောင်းမှ တက်ရမှာလား ။ ဟိုဘက် အိမ်သာခန်းက လှမ်းမေးတယ် ဆိုတော့လည်း ဖြေရမှာပေါ့ ။ ကိုယ့်ကို သည်က လူကြီးဆိုပြီး တလေးတစား နှုတ်ဆက်တာလားမှ မသိတာ ။
 
အင်း … ကောင်းပါတယ် …
 
အခု လုပ်နေတာ အဆင်ပြေတယ် မဟုတ်လား …
 
အင် ။ ဘုရားဘုရား ။ ဘာတွေ မေးနေပါလိမ့် ။ မင်းမြတ် နည်းနည်းတော့ လန့်လာသည် ။
 
အေး … အဆင်ပြေပါတယ် …
 
တခြားရော ဘာလုပ်နေသေးလဲ …
 
အဲ ။ မင်းမြတ် အိမ်သာတက်ရင်း ဖင်ပင် တွန့်လာသည် ။ ဘယ်လိုလူမှန်းမသိ ။  အီးပါနေတာကို မဟုတ်တာတွေ လာမေးနေရသလား ။
 
ဘာမှ မလုပ်ပါဘူး … အခုက အိမ်သာတက်နေတာဆိုတော့ … ဟီး …
 
ငါ မင်းဆီကို အခုလာခဲ့ရမလား …
 
ဟာ ။ ဒါတော့ နည်းနည်း လွန်သွားပြီ ထင်သည် ။ သည်လိုမျိုးတော့ မင်းမြတ် ကြောက်သည် ။ သည် Company မှာ တခြားလူတွေ မင်းမြတ်အကြောင်းကို သိသွားလို့လည်း မဖြစ် ။ တားလိုက်မှ ဖြစ်တော့မည် ။
 
ဟာ … မလာနဲ့လေကွာ … ငါလည်း မင်းလိုပဲ ကိစ်စရှင်းနေရတာ ဆိုတော့ …
 
ဘေးနားအခန်းက အိမ်သံတံခါး စောင့်ပိတ်လိုက်တဲ့ အသံကြားလိုက်ရပါတယ် ။ ပြီးတော့ အော်ပြောသွားတဲ့ အသံလည်း ကြားလိုက်ရသေးတယ် ။
 
ဟေ့ကောင် … ငါ ပြီးရင် ဖုန်းပြန်ဆက်လိုက်မယ် … ငါ အိမ်သာထဲမှာ ဖုန်းပြောနေတာ ဘေးက အရူးတစ်ယောက်က ငါမေးသမျှ အကုန် လိုက်ဖြေနေလို့ …
 
အီးးးးးးးး ။ မင်းမြတ် ဂွမ်းသွားပြီပေါ့ ။ သြော် ။ ငါ့နှယ် ။ ဘယ်သူ့မေးမှန်း မသိ ။ အာယားလျှာယား ဖြေချင်နေတာ ။
 
***************************************************************
 
ဟေ့ကောင် … မင်း ယောက်ျားလား မိန်းမလား … ပြော …
 
ဟာ … ဖေဖေကလည်း ယောက်ျားပါဆိုနေမှ …
 
ဟာ … သီဟ … ငါ့ကို ကျားကျားယားယားဖြေစမ်း …
 
ကျားကျားပဲ ဖြေပါ့မယ် ဖေဖေရယ် … ယားယားကြီးကိုတော့ ကြက်သီးထလို့ …
 
အမလေး … အမလေး … အဖေက ကျားသလောက် သားက ခြောက်နေတယ်လို့ကွာ … ငါတို့မျိုးရိုးမှာ အဲ့လို မရှိဘူးကွ …
 
သီ စိတ်ထဲက ကြိတ်ရယ်ပေးလိုက်တာပေါ့ ။ ဖေဖေကလည်းလေ ။ မသိရင် မပြောနဲ့ပေါ့ ။ အခုတောင် ကိုကိုနဲ့ သီနဲ့ နှစ်ယောက်လုံးက အဲ့ဒါပဲကို ။ ကိုကိုက ရူးချင်ယောင်ဆောင်နေတာ ။ ဟွန်း ဖေဖေနဲ့ ပြန်တိုင်လိုက်ရ မကောင်းဘူး ရှိတော့မယ် ။
 
*********************************************************************
 
အမလေး … သည် တင်အတုတွေက ဘာလုပ်ဖို့လဲ … သားရယ် … တကယ်ပဲ သားဝတ်နေတာလား … ဟင် …
 
မ၀တ်ပါဘူး မေမေရယ် … ဖေဖေက သက်သက် ပွါးနေတာပါ …
 
အံမာ … ငါကပဲ ပွါးတယ် ရှိရသေးတယ် … မင်း ၀တ်တာ ငါကိုယ်တိုင် မိတဲ့ဟာကို …
 
သီဟရေ … ဟေ့ကောင် … သီဟ …
 
အိမ်ရှေ့က အောင်မြတ် ခေါ်လိုက်တဲ့ အသံပါ ။ သီဟ စိတ်ထဲမှာ တကယ့်ကို ပျော်သွားတာပါ ။ ကျွတ်ပြီ ။ လွတ်ပြီ ။ ဖေဖေ့ဆီက ပြေးလို့ရပြီ ။
 
ဖေဖေ … သားသူငယ်ချင်း ကျူရှင်တက်ဖို့ လာခေါ်နေတယ် …
 
အေး … သွား … စောစောပြန်ခဲ့ … ကြားလား …
 
ဟုတ်ကဲ့ဖေဖေ … ဟေ့ကောင် သားကြီး … မင်းကလည်း ကြာလိုက်တာကွာ …
 
ဖေဖေ့ရှေ့တွင် ကျားဟန်ဆောင်ပြီး အော်ပြီး ထွက်လာခဲ့လိုက်သည် ။ လမ်းအချိုးရောက်မှ ဖာသည်မကို ကောင်းကောင်း တုပ်ပေးလိုက်ရသည် ။
 
ဖာသည်မ … နင် ဘယ်တွေ ဖာခံထွက်နေတာလဲ … နင့်ကို စောင့်ရင်း ငါ အိမ်မှာ အဆူခံလိုက်ရတာ မပြောနဲ့တော့ …
 
အသံက ပွင့်သွားတော့ ဖင်ကပါ အောက်က လိုက်လှုပ်နေသည် ။ သီ့ဖင်က တစ်လမ်းလုံးကို ဟိုဘက်သည်ဘက် ကူးလို့ရလောက်အောင် ရမ်းသလူးခါနေသည် ။
 
ဟေ့ကောင် … သီဟ …
 
အနောက်က အဖေ့အော်သံအကြီးကြီး ထွက်လာသည် ။ လှုပ်နေသော ဖင်ပင် ကျိန်းသွားသည် ။ ဘယ်ရမလဲနော် ။ အမြန်ပြန်ပြီး ဖင်ကို အလယ်မှာ စုလိုက်တာပေါ့ ။ ပြီးတော့ ရင်ဘက်ကို ကော့ပြီး ယောက်ျားကြီးလို လမ်းလျှောက်သွားရတာပေါ့ ရှင် … အဲလေ … ဗျာ ။
 
************************************************************************
 
ရှယ်လီရေ … ရှယ်လီရေ …
 
ဦးမြတ်သူရ ညည်းလိုက်သော အသံကြောင့် ဒေါ်သက်ထား အိပ်ရာမှ နိုးလာသည် ။ အမလေး ။ ရှယ်လီတဲ့ ။ ဘယ်က ဟာမကို တမ်းတနေသည် မသိ ။ သ၀န်တိုစိတ်က ငယ်ထိပ်တက်လာပြီး ဦးမြတ်သူရကို နှိုးလိုက်သည် ။
 
ရှင်ထစမ်း … ဘယ်က ရှယ်လီလဲ … ထစမ်း …
 
ဦးမြတ်သူရ နိုးလာတော့ အိပ်ချင်မူးတူးနဲ့ မေးပါတော့တယ် ။
 
အာ … ဘာမှ မဟုတ်ပါဘူးကွာ … ဟိုတစ်ခါ မန်းတလေးရောက်တုန်းက မြင်းလောင်းတာ … အဲ့တုန်းက လောင်းတဲ့ မြင်းနာမည် …
 
ဒေါ်သက်ထား သိပ်တော့ မယုံချင်သေးပါဘူး ။ မသင်္ကာသလို ကြည့်လိုက်တော့ ဦးမြတ်သူရက ဘာမှ မဟုတ်သလို ခေါင်းခါပြပြီး ပြန်အိပ်ခိုင်းလိုက်ပါတယ် ။
 
***********************************************************************
 
အိပ်မက်ထဲတွင် ရှယ်လီနှင့် အပီကောင်းနေသည် ။ ခုနတုန်းကလည်း အိပ်မက်ထဲတွင် တစ်ပွဲပြီးခါနီးမှ ဒေါ်သက်ထား အော်သံကြောင့် နိုးလာရသည် ။ သည်တစ်ခါတော့ အိပ်မက်ထဲမှာ လုံးဝ အလွတ်မပေးတော့ ။
 
ရှယ်လီနှင့် ချစ်တင်းနှောနေစဉ် မိန်းမ ခေါ်နေသော အသံကို ထပ်ကြားရပြန်သည် ။ ကိုမြတ်သူရ ရေ … ကိုမြတ်သူရ ရေ … ။ ဟာ … ။ မိသွားလို့တော့ မဖြစ် ။ သူ သည်နေရာမှာပင် အရေခွံအဆုပ်ခံရနိုင်သည် ။ ဘေးတွင် အိပ်နေသော ရှယ်လီကို မြန်မြန် လှုပ်နှိုးရသည် ။
 
ရှယ်လီ … ထ … ထ … ဟိုမှာ ငါ့မိန်းမ ခေါ်နေတယ် … ကုတင်အောက် ၀င်ပုန်း …
 
ဦးမြတ်သူရ အော်သံကြောင့် ဒေါ်သက်ထားလည်း အယောင်ယောင် အမှားမှား ကုတင်အောက်ဝင်တာ ကုတင်စောင်းနဲ့ စောင့်မိပြီး ပြသနာတွေ တက်ပါလေရော ။
 
ဟင် … ရှင်က ဘယ်က မယားငယ်နဲ့ ကျွန်မနဲ့ကို မှားပြီး ကျွန်မကို ကုတင်အောက် ၀င်ပုန်းခိုင်းရတာလဲ … ပြောစမ်း …
 
မဟုတ်ပါဘူး … မိန်းမရယ် … ငါကလေ …
 
ထိုအချိန်တွင်ပဲ ဖုန်းက ရုတ်တရက်မြည်လာသည် ။ ဒေါ်သက်ထား ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည် ။ ဦးမြတ်သူရကတော့ မျက်နှာငယ်လေးနှင့် ကြည့်နေသည် ။
 
ဟဲလို … ဦးလား … မီးပါ … ရှယ်လီလေ … မမှတ်မိဘူးလား … ဦး … ပြန်ပြောဦးလေ … ဦး ဆို …
 
အမလေး … အမလေး … ကိုမြတ်သူရ … သည်မှာ ရှင့်ရဲ့ မြင်းမ ဖုန်းဆက်နေတယ် … ရိုးရိုးမြင်းမတော့ မဟုတ်ဘူး … သောက်ကမြင်းမ … သောက်ကမြင်းမ …
 
ဘေးနားကို ပျံဝဲလာသော သနပ်ခါးတုံး ၊ မိတ်ကပ်ဘူး ၊ ပေါင်ဒါဘူး အစရှိသည့် ပစ်စည်းပေါင်းစုံကို ရှောင်နေရသည် ။ ရှောင်တော့မှ တစ်ခုပြီး တစ်ခု လာထိနေသည် ။ မရှောင်တော့ဘူးကွာ ဆိုပြီး မတ်တပ်ရပ်လိုက်တော့မှ လွတ်တော့သည် ။ ဒေါ်သက်ထားပစ်နေတာ တလွဲ ။ သြော် မရှောင်ရင် လွတ်တယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ ။
 
တံမြတ်စည်းပျံ လေထဲ ၀ဲလာတော့ ယောင်ပြီး ရှောင်မိလိုက်သည် ။ အိုးမိုင်ဂေါ့ ။ ရှောင်လိုက်တော့မှ ထိတာ ။ နှဖူးတည့်တည့် ကွက်တိ ။
 
********************************************************************
 
ကိုကို မြတ် စားဖို့ … သည်မှာ ဟင်းတွေ ထည့်လာတာ …
 
နေမင်းထိုက် သူ့ဘေးက စည်သူဇော်ကို ကြည့်ပြီး စိတ်ညစ်နေမိသည် ။ အဲ့ဟာမက ကိုမင်းမြတ်ကို လိုက်ကပ်နေတာ ။ နေမင်း သိတာပေါ့ ။ ကိုမင်းမြတ်ကလည်း မျက်နှာကြီးကို ဖြီးလို့ ။ မနာလို သ၀န်တိုစိတ်ကလေး ဖြစ်လာမိသည် ။
 
ဟွန်း ။ မနာလိုတော့ရော ဘာလုပ်လို့ရမှာလဲနော် ။ ကိုမင်းမြတ်က အခုထိ သူ့ကို ရည်းစားစကားတောင် ပြောသေးတာ မဟုတ်ဘူး ။
 
ကိုကိုမြတ် … ဒါက ပုစွန်ကို အခြောက်က ကြော်ထားတာလေ … အဲလေ … မှားကုန်ပြီ … ပုစွန်ခြောက်ကြော်လို့ပြောတာ … ဟီးဟီး …
 
အမြင်ကတ်ပါ့ ။ ဟုတ်တယ် ။ ထမင်းချိုင့်ဖွင့်ပြီး ရုံးထဲမှာ တူတူစားကြတာလေ ။ ကိုမင်းမြတ်က အထက်လူကြီးဆိုပေမယ့် နေမင်းနဲ့တူတူ ထမင်းစားချင်ပါတယ်ဆိုပြီး နေမင်းနဲ့ လာစားတာ ။ ဒါကို အဲ့သည့် အစည်မက လာပြီး ကပ်နေတာ ။ မပြောလိုက်ချင်ဘူး ။
 
စည်သူ … ဂျိုးကြော်တွေ … စနိုက်ကျော်တွေရော မပါဘူးလား …
 
ရွဲ့မေးလိုက်တော့ ကမ က မျက်စောင်းထိုးလိုက်သေးတယ် ။ အံမာ ။ ပြီးတော့ သူကပဲ ဂျက်စမင်လုပ်ပြီး သူကပဲ သီချင်းဆိုလိုက်သေးတယ် ။ စံပယ်ရယ် သူငယ်ချင်းတွေမို့ … ယုံကြည်စွာ တိုင်ပင်ခဲ့ဖူးကြသည် ။ အံမယ် မသိရင်ပဲ ငါက သူ့လင်ကို ဂျက်စမင်လုပ်နေသလိုလို ။
 
နေမင်း စိတ်ဆိုးပြီး ထမင်းစားပွဲက ထသွားတော့ ကိုမင်းမြတ်က ကပျာကယာ ထလာပြီး အတင်းလိုက်ချော့သည် ။ ဟိုဝိုင်းမှာတော့ သွားမစားချင်တော့ ။
 
သွား … ကိုယ့်ဘာသာ ဟိုမှာ ပုစွန်ကို အခြောက်က ကြော်ထားတာနဲ့ … ဂျိုးကြော် စနိုက်ကျော်နဲ့ သွားစား …
 
ညီကလည်းကွာ … စိတ်မဆိုးနဲ့နော် … ညီမစားချင်ရင် ဆိုင်မှာ သွားစားမယ်လေ … ထမင်းမစားတော့ အာဟာရပြတ်မှာပေါ့ …
 
သည်လိုကျတော့လည်း ကိုမင်းမြတ်က ဂရုစိုက်သားပဲ ။ သည်လိုတွေးပြီး နေမင်း နည်းနည်းတော့ မာန်တက်သွားသည် ။ စနိုက်ကျော်မကို အဝေးကြီးကနေ ကြည့်ပြီး မျက်စောင်းထိုးပစ်လိုက်တာပေါ့ ။
 
Episode 4
 
သီတို့အဖွဲ့သည်နေ့ ဘောပွဲသွားကြည့်ကြဖို့ချိန်းထားသည် ။ သီ ပျော်နေမိသည် ။ ဟီဟိ ။ ဘောလုံး ကန်တာ ကြိုက်လို့တော့ မဟုတ်ဘူး … ။ ဘောလုံးသမား အတောင့်ဆင်လေးတွေကို ဖွါလို့ လာကြည့်တာပေါ့ ။ ဟီး ။
 
အမလေးနော် ။ အစင်လေးတွေ တွေ့ချင်လို့ လာပါတယ် ။ ဘေးနားမှာ ရောက်လာတဲ့ ကုလားကြီးက နံလိုက်တာ ။ မပြောနဲ့တော့ ။ လက်ပတ်စော် ။ လက်ပတ်စော် ။ သီ အော်ဂလီတောင် ဆန်ချင်လာတယ် ။ ဘေးနားမှာ ပါလာတဲ့ မိသန့်နဲ့ မိမြတ်တို့ကတော့ သျှမ်းနေကြတာပေါ့ ။
 
မိသန့်ဆို ၀ါကာဝါကာ သီချင်းဆိုပြီး လက်အုပ်ကြီးချီပြီး အားပေးနေတာ ။ ဘုန်းကြီးကျောင်းက တရုတ်သရဲမကြီး ကျနေတာပဲ ။ သီကတော့ အားလုံးထဲမှာ အလှဆုံးပေါ့ ။ သိတယ် မဟုတ်လား ။ ပန်းနုရောင် အင်္ကျီလေးနဲ့ အဖြူရောင် ဘောင်းဘီလေးနဲ့ ။ လူကြားထဲမှာ ထင်းကနဲပေါ့ ။
 
သည်ကြားထဲ မိမြတ်က ဘေးနားက ကုလားအုပ်ကို ငမ်းချင်နေသေးတယ် ။ ကမဆိုတာလည်း မပြောလိုက်ချင်ဘူး ။ ပြီးတော့ ဘောသမားတွေကို ကြည့်ပြီး သရေက ကျနေသေးတာ ။ သီ့အနားကိုလည်း ကပ်ပြီးပြောလိုက်သေးတယ် ။
 
ဟဲ့ … သီသီ … ငါတော့လေ … ဟိုမှာ ဘောလုံးကန်နေတဲ့ ဘောလုံးသမားတစ်အုပ်နဲ့ ဖြစ်လိုက်ရရင် သည်တစ်သက် သေပျော်ပါပြီဟယ် …
 
အေးပေါ့ ကမရယ် … ဘောလုံးသမားတစ်အုပ်လုံးနဲ့ဖြစ်မှာတော့ နင်မသေဘဲခံနိုင်ရိုးလား …
 
သည်လောက်ပြောတာတောင် ကမက အပြုံးမပျက်ဘူး ။ မျက်လုံးလေးမှိတ်လို့ ။ အမလေး ။ ကမဆိုတာလည်း ဘာတွေ စိတ်ကူးယဉ်နေမှန်းမသိ ။ သူ့စိတ်ကူးထဲမှာတော့ ဘောသူငယ် တစ်အုပ်နဲ့ပေါ့ ။ ဟိ ။
 
သည်ဘောလုံးပွဲကတော့ ကျောင်းကလူတွေလည်း လာစရာအကြောင်းမရှိတာနဲ့ သုံးယောက်လုံး သျှမ်းကြတာပေါ့ ။ ခုနက ကုလားနားကနေတော့ မြန်မြန်ခွါရတယ် ။ သီ အနံ့မခံနိုင်လို့လေ ။ အမလေး ။ အဲ့ကုလားနဲ့ ခေါ်ကံချင်ရင်တောင် နှာခေါင်းကို အ၀တ်နဲ့အုပ်ပြီး ခေါ်ကံရမယ် ။ ဟီး ။ နံလွန်းလို့ ။
 
အဲ ။ ဘောပွဲကို မတ်တပ်ရပ်ကြည့်နေရင်း သီ့ဖင်ကြားကို တစ်ခုခု လာထောက်သလိုပဲ ။ ဘာမှန်းလည်းမသိဘူး ။ လုံးလုံးရှည်ရှည်တစ်ခုခုပဲ ။ ဟယ် ။ သီ ရှက်သွေးတွေတောင်ပန်းသွားပါတယ် ။ ဟုတ်ပါ့ ။ အပျိုလေးဖင်ကြား ဘာဝင်နေမှန်းမှ မသိတာ ။ ရှက်ရှက်နဲ့ ဘယ်ရမလဲ ။ ဖမ်းညှစ်ထားလိုက်တာပေါ့ ။
 
သည်မှာ … နည်းနည်း ဖင်ကြွပေးဦး …
 
ဟယ် ။ ပြောတာ ဆိုတာ ပွင့်လင်းလိုက်တာ ။ ဟီး ။ ဒါမျိုးမှ သဘောကျတာ ။ ဇာတ်လမ်းတွေတော့ စနေပြီ ထင်ပါ့ ။
 
သည်မှာ … ထုတ်လို့မရဘူး ဖြစ်နေတယ် … ရေသန့်ဘူးကို ဘာလို့ ဖင်ကြားညှပ်ထားတာလဲဗျ …
 
အယ် ။ ဂွမ်းချက် ။ သေရော ။ အဟုတ်စိတ်ပိန်တယ် ။ ဒါကြောင့်မို့ ထင်ပါတယ် ။ ပျော့စိစိလည်း မဟုတ်ဘူး ။ ကြွပ်ဆပ်ဆပ်ကြီးလို့ ။ ဟီး ။ တဏှာရူးမ ။ နှာဘူးမ ။ ကိုယ့်ဘာသာကိုယ် ကျိန်ဆဲပေးလိုက်ပါတယ် ။ သီညှပ်ထားတာ ရေသန့်ဘူး ဘူးသေးလေ ။ သြော် ။ ဆိုဒ်ခြင်း တူတာကိုပဲ အပြစ်တင်ရမလားနော် ။ ဟီး ။
 
အဲ ။ သူငယ်လေးက စင်တော့ စင်သား ။ သီလည်း လှည့်ပြီး ပြုံးပြလိုက်တာပေါ့ ။ ကောင်လေးကလည်း သီ့ကို ပြန်ပြုံးပြတယ် ။ ဟီး ။ ရင်တွေ ခုန်လိုက်တာ ။ ခဏနေကျတော့ ကောင်လေးကို စကားသွားပြောမလို့ ကြံကာ ရှိသေးတယ် ။ ကောင်လေး ဘေးနားကို စပေါ်မ တစ်ကောင်က ရောက်လာတယ် ။
 
စပေါ်မက အစင်လေး ရထားတော့ ဂုဏ်ဆာနေတဲ့ရုပ်နဲ့ ။ ဟွန်း ။ စပေါ်တွေနဲ့ဆိုရင် အကျိုးကို မပေးတာ ။ မပြောလိုက်ချင်ပေါင် ။ ရယ်တဲ့အသံကလည်း မယားငယ် တုန်းပိတဲ့အသံနဲ့ ။ သီ့လောက်တောင် မလှဘဲနဲ့ကို ။ အဟုတ်ပြောတာ ။
 
ခဏနေတော့ စပေါ်မက ကောင်လေးနားကပ်ပြီး ရှူးသွားပေါက်မယ်တဲ့ ။ ကောင်လေးက လိုက်ပေးမယ်ပြောတော့ ရတယ်တဲ့ ။ သူ့ဘာသာပဲ သွားမယ်တဲ့ ။ သည်မှာပဲ စောင့်နေတဲ့ ။ စပေါ်မက လှုပ်စိလှုပ်စိနဲ့ ထွက်သွားလိုက်တာ ။ သီဖြင့် ကျိတ်ဆုတောင်းလိုက်တယ် ။ ကမ … အိမ်သာကျင်းထဲ ပြုတ်ကျပါစေတော်လို့ ။
 
အဲ ။ စပေါ်မ ထွက်သွားတော့ ကောင်လေးနားသွားပြီး စကားရော ဖေါရောလုပ်တာပေါ့ ။ တိုက်ဆိုင်ချက် ။ တိုက်ဆိုင်ချက် ။ အဲ့တာ သီတို့ ကျောင်းကပဲတဲ့ ။ သီတို့နဲ့ တစ်နှစ်တည်းပဲတဲ့ ။ ပျော်လိုက်တာ ။ မပြောနဲ့တော့ ။ နောက်နေ့တွေ အတန်းတက်ရင် သူ့နား သွားထိုင်ရမယ် ။
 
သီနဲ့ ကောင်လေးနဲ့ စကားပြောနေတုန်း စပေါ်မ ပြန်ရောက်လာပြီး သူ့လင်ကို သီနဲ့ စကားတွေ လုပြီး လာပြောနေတာ ။ အံမယ် ။ သီ့ကိုများ ဂျိုးကြော် စနိုက်ကျော် ၀ါသနာပါတယ် မှတ်နေလား မသိဘူး ။ ဟီး ။ တကယ်လည်း ၀ါသနာတော့ ပါတာပေါ့နော် ။
 
သည်တစ်ရက်တော့ စကားဝအောင် ပြောလိုက်ဦးပေါ့ စပေါ်မရယ် ။ နောက်တော့မှ ဒူးနဲ့မျက်ရည် သုတ်နေရမယ် ။ ငှဲငှဲငှဲ ။ စိတ်ထဲက ကျိတ်ရယ်လိုက်တဲ့ အသံလေးက ချစ်စရာလေး ။ ဘယ်သူပြောသလဲတော့ မမေးနဲ့ ။ ကိုယ့်ဘာသာပြောတာ။ အဟိ ။
 
*****************************************************************************
 
ဦးမြတ်သူရ အံ့သြနေမိသည် ။ သည်လောက် ချောင်နေသော ပါကင်ကို ပထမဆုံးဖေါက်ဖူးခြင်း ဖြစ်သည် ။ ရှယ်လီပြောတော့ သူ့ကိုယ်သူ ပါကင်ပါတဲ့ ။ ပါကင်ဆိုတဲ့ ဟာကလည်း အပြုံးမပျက် ကုံးလျက်ဆိုတာလို ဖြစ်နေပြီ ။
 
နာတဲ့ပုံလည်း မပေါ်ဘူး ။ ဦးရယ် … ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့ အော်နေတာ ။
 
တကယ်ကောင်းလို့လား ရှယ်လီရဲ့ …
 
အော်ရတာ အကျင့်ပါနေလို့ပါ ဦးရယ် …
 
ဟင် … ။ ပါကင်လည်း ပြောသေး ။ အော်ရတာ အကျင့်ပါနေတယ်တဲ့ ။ ဦးမြတ်သူရခင်မျာ မောင်းထောင်းတဲ့ဆုံထဲကို ငြှုပ်ကျည်ပွေ့ထည့်ပြီး ထောင်းနေရသလိုပဲ ခံစားမိတယ် ။ သြော် ။ ဒါလားဟဲ့ ပါကင်ဆိုပြီး အော်မေးချင်လိုက်သေးသည် ။
 
အသက်ကြီးနေလို့ တော်ရုံနဲ့ စိတ်မလာတာကိုလည်း သူက ပြောလိုက်သေးသည် ။ စကားကလည်း မပီကလာ ပီကလာနဲ့ ။ ဦးဟာက သောင်လည်း မသောင်ဘူးတဲ့ ။ ငါလေ … တယ် ။
 
သမီးရဲ့ ပထမဆုံး အပျိုစင်ဘ၀ကို ဦးအတွက်ပေးလိုက်တာ ဦးသိတယ် မဟုတ်လား …
 
အင်းပါ … သိပါတယ် ရှယ်လီရဲ့ …
 
သည်လိုနဲ့ ထပ်ပြီး ချစ်တင်းနှောကြတာပေါ့ ။ အဲ့ချိန်မှာပဲ မီးက ပျက်ပါလေရော ။ မီးပျက်လည်း အရှိန်တော့ ဘယ်အပျက်ခံမလဲ ။ အားသွန်ခွန်စိုက်ပေါ့ ။
 
ဦး … နားပါရှင့် … နားပါရှင့် …
 
မနားနိုင်ဘူး … မနားနိုင်ဘူးကွာ …
 
ဦး … နားပါဆို …
 
ဟာ … ရှယ်လီကလည်းကွာ … အရှိန်လာတုန်းလေး … မနားသေးဘူး …
 
ရှယ်လီလည်း အသားကုန် နားပါရှင့်လို့ အော်နေတာပဲ ။ အဲ ။ မီးက အခုမှ ပြန်လာတယ် ။ မီးလာတော့ ဦးမြတ်သူရ ကြည့်လိုက်မိတယ် ။ အားးးးးး ။ သွားပြီ ။ သူ မမြင်မစမ်းနဲ့ လုပ်နေတာ နား(နားရွက်ပေါက်)ကြီး ။ ဟီး ။ ရှယ်လီ့နားလည်း ယောင်ကိုင်းလို့ ။
 
ဒါကြောင့် ရှယ်လီ ပြောတော့ ပြောခဲ့သေးသားပဲ … နားပါရှင့်လို့ ။ ဦးမြတ်သူရ ရှက်ရှက်နဲ့ ရှယ်လီ့နားရွက်ကို ထိုင်ပြီး အုံဖွ လုပ်ပေးနေရတော့တာပဲ ။ သည်ကြားထဲ ဟိုအုံကိုလည်း ဖွပေးရသေးတယ် ။ ဟီး ။ ဘယ်အုံလည်း မမေးနဲ့ ။ ဆင်ဆာဖြတ်တယ် ။ မပြောဘူး ။
 
***************************************************************************
 
နေမင်းထိုက် ရုံးကိုရောက်တော့ ကိုမင်းမြတ်အခန်းနားက ဖြတ်သွားစဉ် အသံကြားလိုက်ရသည် ။
 
အစ်ကို … အဆင်ပြေလား …
 
မရဘူး စည်သူရ … နည်းနည်း ထပ်မှုတ်ပေးဦး …
 
ဟင် ။ နေမင်းထိုက် မျက်လုံးပြူးသွားရသည် ။ ပိုပြီး ကပ်ပြီး နားထောင်လိုက်သည် ။
 
အစ်ကို … အဆင်ပြေသွားပြီလား …
 
ဟာ … အခုထိ မထွက်သေးဘူး စည်သူရာ … နည်းနည်း ခပ်ကြမ်းကြမ်းလေး မှုတ်လိုက် …
 
ဟာ … ။ မထွက်သေးဘူး ။ မှုတ်ပေးတဲ့ ။ နေမင်းထိုက် ခေါင်းနပမ်းတွေပါ ကြီးလာသည် ။ ဘယ့်နှယ် ။ သည်လောက် စောစောစီးစီးကြီးကို ဖြစ်နေကြတယ် ။ ဟို စည်သူမကလည်း ကာမေသုမိတ်စာ ကံကိုတောင် မရှောင်တော့ဘူး ။ ဒုသနတော မကြောက်တဲ့ ဖာသည်မ ။
 
နေမင်းထိုက် ကျိန်ဆဲနေတုန်း အထဲကနေ အသံတစ်သံထွက်လာပါတယ် ။
 
အား … ထွက်သွားပြီ စည်သူ … တော်သေးတာပေါ့ကွာ … မင်းမှုတ်ပေးလို့ပဲ … အခုမှ နေလို့ ကောင်းသွားတော့တယ် …
 
ရပါတယ် အစ်ကိုရယ် … သည်လိုမျိုး ကူညီလိုက်ရတာကို ကျွန်တော်က ပျော်နေတာပါ … နောက်လည်း ကိုကိုမြတ် အကူအညီလိုရင် ပြောနော် … အချိန်မရွေး မှုတ်ပေးမယ် …
 
ဟယ် ။ ဖာသည်မ ။ ဂျိုးကြော် စနိုက်ကျော်မ ။ နေ့ခင်ကြောင်တောင် မဟုတ်တော့ဘူး ။ စောစောစီးစီးကြီးပါ မရှောင်တော့ဘူး ။ ဖေတစ်ရာ မောင်တစ်ကျိပ်မ ။
 
အခန်းထဲက နှစ်ယောက် ထွက်လာကြသည် ။ သူတို့မျက်နှာတွေက ဘာမှ အပြစ်မရှိကြသလို ။ သြော ။ ခုနကတော့ မဟုတ်တာ လုပ်ထားပြီး အခုကျမှ မသိသလို ဟန်ဆောင်နေကြတာ ။ တွေ့မယ် ။
 
မင်းတို့ ဘာအချိုး ချိုးတာလဲ … ဟင် … စောစောစီးစီးတောင် မရှောင်ကြတော့ဘူးလား …
 
ဘယ်ရမလဲ ။ နေမင်းထိုက်ပဲ ။ ဟို စည်သူမ ကျောကုန်းကို အုန်းကနဲနေအောင် ထုပစ်လိုက်တာပေါ့ ။ စည်သူမက သူ့ကျောနာသွားတော့ ယောက်ျားသံကြီးနဲ့ ရန်ပြန်တွေ့တယ် ။
 
သည်မှာ … နေမင်းထိုက် … မင်း အဲ့လောက် လင်ဆာမနေနဲ့ … ငါက သွေးရိုးသားရိုးဆက်ဆံတာ …
 
သွေးရိုးသားရိုး ဆက်ဆံတယ်ဆိုရင် မင်းတို့ အခန်းထဲမှာ မှုတ်တာတို့ … ထွက်သွားတာတို့ ပြောပါ့မလား …
 
ဟာ … ညီ … အထင်မှားနေပြီ … အဲ့လိုမဟုတ်ဘူး … အစ်ကို့မျက်လုံးထဲကို အမှိုက်ဖက် ၀င်သွားလို့ အဲ့ဒါ သူက မှုတ်ပေးနေတာ …
 
အဲ ။ နေမင်းထိုက်တော့ မှားပြီ ။ ဒါကြောင့် ထင်ပါတယ် ။ နှစ်ယောက်သား ပုံစံက ဘာမှ မဖြစ်သလိုဘဲလို့ ။ ဟီး ။ မှားတဲ့အခါလည်း မှားပေမပေါ့နော် ။
 
ပြသနာက အဲ့မှာ ပြီးသွားပြီး အရင်နေ့ကလို ထမင်းစားတဲ့အချိန်မှာ ပြန်ဖြစ်တာ ။ ဘယ်သူရှိရမလဲ ။ ဟိုစည်သူမ ထပ်မွှေပြန်တာပေါ့ ။ ကမက … လူကို မွှေရတာ အားမရလို့နဲ့တူပါ့ … ကြက်ဥကိုတောင် မွှေပြီး ကြော်လာတာ ။ အဟုတ် ။ မပြောချင်ဘူး ။
 
ကိုကိုမြတ် စား … သည်မှာ ကိုကိုမြတ်အတွက် …
 
ကိုကိုမြတ်ကလည်း … ဒါလေးစားလေ …
 
နေမင်းထိုက် နားထောင်ရင်းနဲ့ အမြင်က ကတ်လာပါတယ် ။
 
ကိုမင်းမြတ်က မင်းပြောသလိုမျိုး မြက်စားရအောင် နွားမှ မဟုတ်တာ …
 
ဟယ် … ကိုကိုမြတ် … တွေ့လား … စည်သူက စေတနာနဲ့ ကျွေးတာကို နေမင်းထိုက်က ကိုကိုမြတ်ကို နွားလို့ပြောနေတာ …
 
ဟေ့ကောင် … စည်သူ မင်း အခြောက်မပီပီ ပလီပလာတွေ မပြောနဲ့ …
 
အံမာ … ငါခြောက်လား မင်းခြောက်လား လူတိုင်းသိတယ် … ငါတို့က Straight ကွ …
 
အမလေး … ဟုတ်ပါတယ် … မင်းက Woman Straight ဆိုတော့ ပြောအား ရှိတာပေါ့ …
 
နေမင်းထိုက် …  ပါးစပ်ပိတ်ထား … ထပ်မပြောနဲ့ …
 
သည်တစ်ခါ ပြောလိုက်တာက ကိုမင်းမြတ်အသံပါ ။ နေမင်း အရမ်းဝမ်းနည်းသွားပါတယ် ။ ဟုတ်တယ်လေ ။ ကိုယ်ချစ်ရတဲ့သူက ကိုယ်နဲ့ တခြားလူတစ်ယောက်နဲ့ ရန်ဖြစ်တာကို ကိုယ့်ဘက်မပါဘဲ သူများဘက် ပါတယ်ဆိုတော့ ။
 
နေမင်း ဘာမှ မပြောတော့ဘဲ ဝေ့၀ဲလာတဲ့ မျက်ရည်ကို ထိန်းပြီး အခန်းထဲက ထွက်လာလိုက်ပါတယ် ။ ထမင်းချိုင့်လည်း ပြန်မပိတ်တော့ဘူး ။ ရင်ထဲမှာ ၀မ်းနည်း လိုက်တာ ။ ၀မ်းနည်းလိုက်တာ ဆိုတာ မပြောနဲ့တော့ ။
 
ညီ … ဘယ်သွားမလို့လဲ …
 
ကိုမင်းမြတ် အနောက်ကနေ မေးတဲ့အသံ ။ နေမင်း ဘာမှ မကြားချင်တော့ဘူး ။ သည်အချိန် ငိုချင်နေတာပဲ သိတယ် ။
 
************************************************************************
 
အီး … ဟီး … ဟီး … ငါ့ဘက်တော့ ပါပေးမယ် မရှိဘူး … သူ့မယားဘက်ပဲ ပါတဲ့ ဟာကြီး …
 
အကျင့်မကောင်းတဲ့ဟာကြီး … ဟိုကလည်း အာဆာဆာ ဖြစ်နေတာ … ရေတွင်းပျက်နဲ့ ညားမယ့်ဟာကြီး …
 
မင်းမြတ် ဘေးကနေ ချော့မလို့ ကြိုးစားတာ မအောင်မြင်သေးပါဘူး ။ စကားတစ်ခွန်းပြောမယ် ကြံလိုက်ရင် နေမင်းထိုက်က တစ်ခွန်း ကျိန်ဆဲလိုက်ရင်နဲ့ ။ အဲ့ဒါနဲ့တင် အချိန်ကို ကုန်နေရော ။
 
ညီ … မငိုနဲ့တော့ကွာ … Company မှာ လူတွေ အများကြီးပဲ …
 
ငိုမှာပဲ … ငိုမှာပဲ … ကိုယ့်ပါးစပ်နဲ့ ကိုယ်ငိုတာတောင် မငိုခိုင်းဘူး … အမလေး … လုပ်ကြပါဦး … ငိုတာတောင် လွပ်လွပ်လပ်လပ် မငိုရတဲ့ ဘ၀ …
 
ဟာ … အစ်ကိုပြောတာ အဲ့လို မဟုတ်ဘူးလေ … စည်သူဆိုတာ အစ်ကို့အတွက် စာရင်းထဲတောင် မရှိတဲ့လူ … အခု အစ်ကိုက ညီ့အတွက် ပြောတာ … သည်လို ရန်ဖြစ်နေရင် ညီသိက်ခါကျမှာ စိုးလို့ ပြောတာ …
 
ဟင့်အင်း … မယုံပါဘူး …
 
တကယ်ပါညီရယ် … မငိုနဲ့တော့နော် … အစ်ကို မျက်ရည်တွေ သုတ်ပေးမယ် …
 
လောကမှာ ချစ်စရာကောင်းတဲ့ ယောက်ျားလေးတိုင်း ငိုရင် လှကြပါတယ် ။ နေမင်းထိုက်ကျမှ ငိုနေတာ ကြောက်စရာ လန့်စရာ ။ မျက်ရည်လေး တစမ်းစမ်းနဲ့ ရည်းစားကို ချော့ရတာ လွယ်ပေမယ့် နှပ်ချီးတွေ တရွှတ်ရွှတ် ထွက်နေတဲ့ ရည်းစားကိုတော့ မျက်ရည်သုတ်ပေးရတာ ခပ်လန့်လန့် ။
 
နှပ်ချီးတွေကို ရှောင်ပြီး မျက်ရည် သုတ်လိုက်ပါတယ် ။ ဒါပေမယ့် မအောင်မြင်ဘူး ။ လက်ကို နှပ်ချီးတွေ လာကပ်တယ် ။ ချော့သာ ချော့နေရတယ် ။ ရွံလို့ လက်က တွန့်ချင်ချင် ဖြစ်သွားသေးတယ် ။
 
ကိုယ်တော်ချောက နောက်ဆုံး အငိုရပ်သွားပြီး နှပ်တွေကို အားရအောင် ညှစ်နေပါတယ် ။ ဗြက်ကနဲ ပစ်လိုက်တာ ဘောင်းဘီတွေ လာစင်ပါရောလား ။
 
ဟာ … ။ ညစ်ပတ်လိုက်တာ ။ မင်းမြတ် ကြည့်နေတုန်းမှာပဲ နေမင်းထိုက်ကတော့ ဘောက်ဆက် ဘောက်ဆက်နဲ့ ထွက်သွားပါတယ် ။ မင်းမြတ် ပြုံးလိုက်မိသည် ။
 
သြော် … ။ သည်လို ကောင်လေးကို ချစ်နေမိတော့လည်း သည်ဒုက်ခတွေ ခံရမှာပေါ့ ။ ဒါပေမယ့် မင်းမြတ် ဖွင့်ပြောဖို့ကိုတော့ ရှက်နေမိသည် ။
 
နေမင်း ထိုက်ကို ဘယ်အချိန် ဖွင့်ပြောရမလဲ ။ ဒါကိုပဲ မင်းမြတ် ခေါင်းထဲ တွေးနေမိတော့သည် ။

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...