Monday, July 7, 2014

ဆုံစည်းရာ ၂

အပိုင်း ၂
အခန်းထဲရောက်တော့
Air-con ဖွင့်ပြီး
သူ့ပစ္စည်းတွေ ဝိုင်းနေရာချပေးသည်။
ကိုလတ်က ချက်ချင်းပင် သူ့တပည့်နှစ်ယောက်ကို
ခေါက်ခုတင်လေးတစ်လုံး ထပ်လာပို့ခိုင်းလိုက်သည်။
သူ ခုတင်ကိုခင်းလိုက်သည်။
ချမ်းမြေ့ရဲ့ ခုတင်နဲ့မလှမ်းမကမ်းမှာမို့
'' သူငယ်ချင်း ဟိုဘက်နည်းနည်းတိုးပါဦးလား
ဒီဘက်မှာ ကျပ်ကုန်ပြီ အဲ့ဘက်မှာ အကျယ်ကြီးဥစ္စာ နည်းနည်းတိုးဦး ''
လို့ပြောလိုက်လေသည်။အမှန်တော့ စိတ်ထဲမှာ ခုတင်ချင်းတောင် ဆက်ထားလိုက်ချင်သေးတာ။
နည်းနည်းမူတာပေါ့။ဟဲဟဲ
သူက '' သြော် sorry ကွာ ငါက မင်း အနှောင့်အယှက်လဲဖြစ်မယ် မထင်လို့ပါ။
ပြီးတော့ ဒီနေရာမှာ Air-con ကလာတဲ့လေက တိုက်ရိုက်ကျတယ်လေကွာ။မင်းအဆင်မပြေဘူးလား။ ''
ချမ်းမြေ့ဆိတ်ဆိတ်ဘဲနေနေလိုက်ပါတယ်။
မူတာများသွားရင် သိပ်မကောင်းဘူးလေ။ဟက်ဟက်-----
သူကဘဲ ဆက်ပြီး'' ငါက အအေးအရမ်းကြိုက်တာ
မင်းရော '' ဆိုပြီးပြောပြောဆိုဆိုနဲ့မတ်တပ်ရပ်ထပြီး
ဝတ်ထားတဲ့ T-shirt ကို ခေါင်းကနေဆွဲလှန်ချွတ်လိုက်တယ်။
OMG!!!စိတ်ထဲမှာဘုရားတလိုက်မိတယ်။
အသားက ညိုပေမယ့် တကယ်ကို ကြည့်ကောင်းတဲ့ bodyမျိုးပါလား။ကြည့်ရတာ Gym ကစားထားပုံလည်းပေါ်တယ်။
Muscleအဖုအထစ်တွေသိပ်ထွက်မနေပေမယ့် သူ့နေရာနဲ့သူ တိတိကျကျ တောင့်တောင့်တင်းတင်းရှိနေတယ်လေ
ဗိုက်ကလည်းအဆီပိုမရှိ ချပ်ချပ်ရပ်ရပ်
နောက်ပြီး ဆွဲမက်ဖွယ် ချက်တွင်းနက်နက်ကြီးနဲ့ဆိုတော့ ချမ်းမြေ့စိတ်ထဲမှာ တလှိုက်လှိုက်နဲ့ပေါ့လေ။
Jean ဘောင်းဘီကလည်း ခါးပတ်တော့ ဝတ်ထားပါရဲ့ တော်တော်ချောင်နေပုံပေါ်တယ်။
ချက်ကနေဆီးခုံအထိ ပေါက်နေတဲ့ အမွှေးနုနုစိမ်းလေးတွေက မဲနက်ပြီးကောက်မနေဘဲ ယှက်ဖြာနေတာ အတိုင်းသားမြင်နေရတယ်။
်သူ့ T-shirt ကိုဗြန်းခနဲ ခါလိုက်တဲ့အခါမှာတော့
စွဲမက်ဖွယ် အနံ့တစ်ခုကိုရလိုက်တယ်။
အဲ့ဒီ အနံ့က ချမ်းမြေ့သိပ်ကြိုက်တဲ့ Nivea's Men
Black&White အနံ့လေ။Ohh လုံးဝsexy!!!
ကိုယ့်မှာ ငမ်းသာငမ်းနေရတာ မလုံဘူးလေ။
သိသွားရင် $ရှက်ဘဲမလား။
ဒါနဲ့ သူ့ကိုလည်းခိုးကြည့်ရင်း ဟိုကဟာ ဒီရွှေ့
ဒီကဟာ ဟိုပြောင်းနဲ့ သူ့ကိုဂရုမထားမိသလိုပေါ့။
သူကလည်း ကိုယ့်ကို ပုံမှန်ယောကျာ်းလေးတစ်ယောက်လို့ဘဲ
ထင်လို့လားမသိဘူး ဆက်လုပ်တယ်လေ။
လုပ်ပုံကတော့ 9 လောက်ရှိတယ်။
သူ့အပေါ်ပိုင်းဗလာခန္ဓာကိုယ်ကို
အနည်းငယ်ကွေးလိုက်ပြီး ခါးပတ်ကိုဖြုတ် ခုတင်ပေါ်ပစ်တင်ဘောင်းဘီကို
ဆွဲချွတ်ချလိုက်တယ်လေ။
မျက်တောင်မခတ်တမ်းစိုက်ကြည့်မိတယ်။
ခဲရောင် CK အတွင်းခံဘောင်းဘီလေးက သူ့ပစ္စည်းကို မနိုင်ဝန်ထမ်းနေရသလို ဖောင်းကား
တင်းကျပ်နေသည်။ချမ်းမြေ့မှာတော့ ကိုယ်မြင်ရတဲ့မြင်ကွင်းက online က gay site တွေထဲမှာသာမြင်ရလေ့ရှိတဲ့ Erotic guys တွေရဲ့ photoမျိုးကို ယခုကိုယ့်ရှေ့တည့်တည့်မှာ လာပြနေတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဘူးပေါ့။
အယောင်ယောင် အမှားမှားနဲ့လေ။
သူပုံစံကတော့ အေးအေးဆေးဆေးဘဲ။
သီချင်းလေးတညည်းညည်း လေလေးတစ်ချွန်ချွန်နဲ့ပေါ့။
အဲ့ဒီ sexy ခန္ဓာကိုယ်နဲ့ ချမ်းမြေ့ဘက်လှည့်ကာ
'' သယ်ရင်း သောက်ရေရှိလား နည်းနည်းလောက်တိုက်ပါလား '' ဆိုတော့
ဒီကလည်းအဆင်သင့်ပင် '' ရော့အင့် '' ဆိုပြီး အဖုံးပါဖွင့်ပေးလိုက်တယ်လေ။
'' အေး ကျေးဇူး
မင်းပိုက်ဆံ ရေချိုးပြီးမှ ယူနော် '' ဆိုပြီး ရေချိုးခန်းထဲကို ဝင်သွားလေတော့သည်။
ချမ်းမြေ့မှာသာ ခုထိကိုယ်မြင်လိုက်ရတဲ့မြင်ကွင်းကို
ဖျောက်လို့မရပေါ်နေဆဲ။အဲ မေ့နေလို့ သူ့ ညာဘက်ပေါင်မှာ နဂါးတစ်ကောင်မီးမှုတ်နေတဲ့ပုံ
tatooထိုးထားသေးတယ်။
ဘာအဓိပ္ပါယ်လည်းမသိပေမယ့်
ပိုဆွဲဆောင်မှုရှိလို့ ကြိုက်မိတာတော့အမှန်ဘဲ။
နောက်မှ ဇာတ်လမ်းရှာပြီးမေးတော့မယ်။ ဟက်ဟက်-----
ဘာရယ်မှန်းတော့မသိ ကံတရားဆိုတာနဲ့
ရေစက်ဆိုတဲ့ စိတ္တဇနာမ်တွေကိုတော့ ကျေးဇူးတော့တင်နေမိတယ်။
ဒီလိုsexyguyလေးနဲ့တစ်ခန်းထဲတူတ
နေရတော့မယ်ဆိုတော့
ပျော်မိတာ အမှန်ဘဲ။
ဟင်းးးးး သက်ပြင်းရှည်ကြီးချမိတယ်။
လိင်တူချင်းချစ်ကြိုက်တတ်ကျတဲ့ဟိုမိုတွေရဲ့
ဘဝကလည်းမလွယ်ပါလားနော်ဟု တွေးမိရင်း။


By
ChamMyae Ko

No comments:

Post a Comment

အချစ်တစ်ခု ပြယုဂ်တစ်ခု

“......................”  သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျ...